အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ(ဒုတိယအသုတ်)အဖြစ် ရောက်ရှိ

အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ(ဒုတိယအသုတ်)အဖြစ် ရောက်ရှိ

 
နေပြည်တော်၊ ဩဂုတ်- ၂၀

 
အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများသည် ဒုတိယအသုတ်အဖြစ် Biman Bangladesh Airlines မှ အထူးကုန်တင်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ အဆိုပါဆေးနှင့်ဆေးပစ္စည်း များကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် သံရုံးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဆေးသုတေသန မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
ထိုသို့ရောက်ရှိလာသော ဆေးနှင့်ဆေးပစ္စည်းများတွင် Long Surgical Glove (Elbow) ၅၀၀၀၀ ခု၊ Examination Gloves ၁၅၀၀ ခု၊ Digital BP Cuff ၅၇၀ ခု၊ Protable X-ray 100 MA ၁ ခု၊ Mask ၁၄၄၀၀ ခု၊ Rapid Antigen Test Kit ၂၀၀၀ ခု၊ High-Flow Nasal Cannula (HFNC) ၁၀၀ ခု၊ Body Bed ၂၉၂ ခု၊ PPE ဝတ်စုံ ၁၂၄၀ စုံ၊ Pulse Oximeter (Finger Tip) ၃၀၀ ခု၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ခု၊ Empty Oxygen Cylinder ၄၀၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၄၀ ကျော်ပါဝင်ပြီး ၎င်းတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒဂုံမြို့နယ် စကားဝါလမ်းရှိ ဗဟိုဆေးသို လှောင်ရေးဌာနသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။