အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့၊ တင်နိုပယ်ခရိုင်၊ မဏိပူရ်ပြည်နယ်အစိုးရဝန်ကြီး L.Susindro Meitei(Yaima)က တမူးမြို့ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့၊ တင်နိုပယ်ခရိုင်၊ မဏိပူရ်ပြည်နယ် အစိုးရဝန်ကြီး L.Susindro Meitei(Yaima) က စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့ပြည်သူ့ ဆေးရုံအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် အောက် ဆီဂျင် ၄၀ လီတာအိုး ၁၀၀ လုံး၊ အောက်ဆီဂျင် ၁၀ လီ တာအိုး ၁၀၀ လုံး၊ Hand Gel ၄၇၅ ဘူးနှင့် Mask ၇၅၀၀၀ ခုတို့ကို ယနေ့တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဗိုလ်နိုင်ဝင်းလမ်းအနီးရှိ ဟိန္ဒူဘုရားကျောင်း ဝင်ပေါက်၌ လာရောက်ပေးအပ်လှူဒါန်းရာ တမူးမြို့ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီး ဒေါက်တာ သူရမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။