အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များမှ ပြည်သူထောင်ပေါင်းများစွာ မုန်တိုင်းလွတ်ရာသို့ ထွက်ပြေးရ

အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များမှ ပြည်သူထောင်ပေါင်းများစွာ မုန်တိုင်းလွတ်ရာသို့ ထွက်ပြေးရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များမှ ပြည်သူထောင်ပေါင်းများစွာသည် မုန်တိုင်းလွတ်ရာသို့ ထွက်ပြေးရကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်မှ တိုက်ခတ်လာသည့် ဆိုင်ကလုန်းမုန်တိုင်း ဂူလက်သည် လေပြင်းတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် ၉၅ ကီလိုမီတာနှုန်းဖြင့် သြရိဿပြည်နယ်နှင့် အန်ဒရာပရာဒေ့ပြည်နယ်တို့ ကြားရှိ ကုန်းတွင်းပိုင်းမှ  ဖြတ်ကျော်ဝင်ရောက် မည့်အတွက် စက်တင်ဘာ ၂၆ ရက်တွင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးရခြင်းဖြစ်သည်။

အဆိုပါ  ဆိုင်ကလုန်းမုန်တိုင်းသည် လေပြင်းများကို သယ်ဆောင်လာမည့်အပြင် အလွန်ပြင်းထန်သော  မိုးသည်းထန်စွာ ရွာသွန်းမှုကိုလည်း  ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့်   သြရိဿပြည်နယ်နှင့် အန်ဒရာပရာဒေ့ ပြည်နယ်တို့မှ   တာဝန်ရှိသူများက ပြည်သူသိန်းပေါင်းများစွာကို ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် ညွှန်ကြားပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်ထားရသည်။

ဆိုင်ကလုန်း မုန်တိုင်းများသည် အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းတွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများ ဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်မှု စိပ်လာကာ ပိုမိုပြင်းထန်လာကြောင်းနှင့် ထိုသို့ဖြစ်ရခြင်းမှာ ရာသီဥတု ပြောင်းလဲမှုက ပင်လယ်ပြင်အပူချိန်ကို မြင့်တက်စေသောကြောင့် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောထားသည်။

မေလတွင် ယာ့ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များမှ လူတစ်သန်းကျော် မှာ   မုန်တိုင်းလွတ်ရာသို့ ထွက်ပြေးရပြီး ထိုဖြစ်စဉ်တွင်  လူအယောက် ၂ဝ ကျော် သေဆုံးကာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဆုံးရှုံးကြောင်း သိရသည်။