အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူနှစ်သိန်းခွဲအထိရောက်ရှိလာ

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံရှိ ကျေးလက်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားနေစဉ် ထိုရောဂါကြောင့် သေဆုံးသူ အရေအတွက် မှာ မေ ၁၂ ရက်တွင်  နှစ်သိန်းခွဲအထိ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံအတွင်း ဖေဖော်ဝါရီလတွင်ဖြစ်ပွားသော ရောဂါကူးစက်မှု ဒုတိယအကျော့တွင် ဗီဇပြောင်းဗိုင်းရပ် ကူးစက်မှုပိုမိုများပြားသည့်အတွက် မီးသင်္ဂြိုဟ်ရုံနှင့်ရင်ခွဲရုံအပါအဝင် ဆေးရုံများတွင် အဆင်မပြေမှု များဖြစ်ပွား သည်။

မေ ၁၂ ရက်အထိ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၈၄၂၁ ဦးနှင့် သေဆုံးသူ ၄၂၀၅ ဦး ရှိကြောင်း၊ ယခုအခါ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၃ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော် အမှန်တကယ်သေဆုံးသူနှင့် ကူးစက်ခံရသူအရေအတွက်မှာ ၅ ဆမှ ၁၀ ဆအထိ ပိုမိုများပြား နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်းမည့်လက္ခဏာများ အစောပိုင်းတွင်ပြသသော်လည်း ထပ်မံ ကူးစက်ခံရသူ အရေအတွက်ကျဆင်းမှု နှေးကွေးနိုင်ဖွယ်ရှိကြောင်း ထိပ်တန်းရောဂါဗေဒပညာရှင် ဆရာဝန် ရှဟမ်ဂျာမီးက ပြောသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုသည် ကမ္ဘာ တစ်ဝန်း၌အဆိုပါ ရောဂါကြောင့် သေဆုံးမှု၏ ၃၀ ရာခိုင်နှုန်းရှိပြီး ရောဂါဖြစ်ပွားမှုပမာဏမှာ ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှု၏ ထက်ဝက်ခန့်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ref: TST