အီတလီစီးရီးအေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု စီရော်နယ်ဒိုရရှိ

ရောမ၊ ဘောလုံး

အီတလီစီးရီးအေ ဘောလုံးအဖွဲ့ချုပ်ကပေးအပ်သည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို   ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး  စီရော်နယ်ဒိုကရရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကလည်း အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဂျူဗင်တပ်စ် အသင်း စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် ခြေစွမ်းပြသ နိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲ ၃၃ ပွဲပါဝင်ကစားခဲ့ကာ ၃၁ ဂိုးအထိသွင်းယူနိုင်ခဲ့၍  ဂိုးသွင်း အများဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။

တိုက်စစ်မှူး စီရော်နယ်ဒိုက “အခုလို အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့အတွက် အရင်ဆုံး အသင်းဖော် တွေကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့တဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင် ပါတယ်။ အခုလိုဆုတွေရရှိခဲ့တာ ကျွန်တော့်ကို ယုံကြည်မှုတွေ ပိုမိုတိုးပွားလာစေခဲ့ပါတယ်” ဟု ပြောသည်။

 Ref;AS