အီယန်နာချို၏ တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးဖြင့် မန်စီးတီးအသင်းကိုအနိုင်ရရှိပြီး လက်စတာအသင်း ဒုတိယမြောက် ကွန်မြူနတီဒိုင်းချန်ပီယံဆုဆွတ်ခူး

လန်ဒန်၊ ဘောလုံး

၂၀၂၁ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲအဖြစ် သြဂုတ် ၇ ရက်ညက မန်စီးတီးအသင်းနှင့်လက်စတာအသင်းတို့ယှဉ်ပြိုင်ကစားရာ လက်စတာအသင်းက အီယန်နာချို၏ တစ်လုံးတည်းသောပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို နှစ်စဉ်ဘောလုံးရာသီ သစ်မတိုင်မီ ပရီးမီးယားလိဂ်ချန်ပီယံနှင့် အက်ဖ်အေ ဖလားချန်ပီယံတို့  ယှဉ်ပြိုင်ကစားရခြင်းဖြစ်ကာ  ပြီးခဲ့သည့်ဘောလုံးရာသီတွင် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်နှင့် လက်စတာအသင်းက အက်ဖ်အေဖလားချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အတွက်  ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကစားရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်း၌ အဓိက ကစားသမားတချို့မပါဝင်ခဲ့သကဲ့သို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဂရီးလစ်ရှ်ကို ဒုတိယပိုင်းတွင် ထည့်သွင်းအသုံးပြုခဲ့သော်လည်း ပွဲပြီးခါနီး ပွဲချိန်   ၈၉   မိနစ်တွင်သွင်းယူသည့်   အီယန်နာချို၏ ပယ်နယ်တီသွင်းဂိုးကြောင့်  ရှုံးနိမ့်ပြီး  ချန်ပီယံဆုကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

လက်စတာအသင်းသည် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲသို့ သုံးကြိမ်အထိတက်ရောက်ဖူးပြီး ၁၉၇၂ ခုနှစ်က ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်က ဒုတိယဆုသာရရှိခဲ့သော်လည်း   ယခုနှစ်   ရာသီသစ်တွင် ချန်ပီယံဆုကို  ဒုတိယအကြိမ်  ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref;SkySports