အီရန်က စစ်ရေးလေ့ကျင့်မှုအတွင်း မိုင် ၁၀၀၀ ကျော် အကွာအဝေးရှိပစ်မှတ်ကို တာဝေးပစ်ဒုံးကျည်များ ဖြင့်ပစ်ခတ်

 

အီရန်အစ္စလာမ်မစ်   တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်တွင်ကျင်းပသည့်     နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုအတွင်း မိုင် ၁၀၀၀ အကွာအဝေးရှိ ပင်လယ်ပြင်မှပစ်မှတ်တစ်ခုကို တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်ခဲ့ကြောင်း သတင်းဌာနတစ်ခု၏ထုတ်ပြန်ချက်အရ သိရသည်။

မြေပြင်မှ   ဝေဟင်ပစ်ဒုံးကျည်များပစ်ခတ်မှုကို အီရန်က ၎င်းင်းတို့သတ်မှတ်ထားသည့်အတိုင်း   အိန္ဒိယသမုဒ္ဒရာအတွင်း မိုင် ၁၁၁၈ ကျော်အကွာအဝေးရှိ ပစ်မှတ်ကိုထိမှန်အောင် ပစ်ခတ်လိုက်နိုင် ကြောင်းနှင့် ယင်းစစ်ရေးလေ့ကျင့်မှုကို အီရန်အလယ်ပိုင်းရှိ ဒက်(ရှ်) အီးကာဗီယာ သဲကန္တာရတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံသည်    ၎င်းင်းတို့၏စစ်ရေးစွမ်းရည်တိုးမြှင့်မှုကို     ပြသရန်အတွက် Great Prophet 15 ဟု အမည်ပေးထားသော    အဆိုပါစစ်ရေးလေ့ကျင့်မှုကိုလုပ်ဆောင်ခြင်းဖြစ်သည်။ အိုမန်ပင်လယ်ကွေ့ အတွင်း အီရန်ရေငုပ်သင်္ဘောတစ်စင်းက    ခရု(စ်)ဒုံးကျည်များပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါစစ်ရေးလေ့ကျင့်မှုကို   လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။