အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကိုတိုးမြှင့်နေဟု ပြင်သစ်ပြော

 

အီရန်နိုင်ငံအနေဖြင့်   နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို   တိုးမြှင့်နေကြောင်းနှင့် အီရန်နှင့် အမေရိကန်တို့အနေ ဖြင့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ်တွင်ပြန်လည်ပါဝင်ရန် အရေးကြီးနေကြောင်း     ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်တွင်ပြောသည်။

အီရန်သည် နျူကလီးယားသဘောတူစာချုပ်ပါ ကတိကဝတ်များကို  ဆက်လက်ချိုးဖောက်နေပြီး     မြေအောက်ဖော်ဒိုး နျူကလီးယားစက်ရုံ၌ ယခုလအစောပိုင်းတွင် ၂၀ ရာခိုင်နှုန်း  သန့်စင်သောယူရေ နီယံထုတ်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်နေကြောင်းသိရသည်။

ထိုလုပ်ငန်းစဉ်သည်  အီရန်အနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူစာချုပ်   မချုပ်ဆိုမီရရှိထားသောအဆင့်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်အစိုးရက နျူကလီးယားသဘော တူစာချုပ်မှနုတ်ထွက်ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ပြီးနောက် အီရန်ဘက်ကလည်း စာချုပ်ပါကတိကဝတ်များကို   လိုက်နာမှုရပ်ဆိုင်းခြင်းဖြစ်သည်။

ယခုကဲ့သို့ စာချုပ်ပါကတိကဝတ်များကိုချိုးဖောက်မှုများသည် သဘောတူစာချုပ်တွင် ပြန်လည်ပါဝင်လို သည့်   အမေရိကန်သမ္မတအသစ် ဂျိုးဘိုင်ဒင်၏ကြိုးပမ်းချက်များကို ခက်ခဲရှုပ်ထွေးစေနိုင်ကြောင်း သိရ သည်။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အီရန်အပေါ် အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုများချမှတ်ခြင်း ကြောင့် အီရန်အနေဖြင့် ရရှိသည့်ဖိအားများသည် အန္တရာယ်နှင့်ခြိမ်းခြောက်မှုကိုသာ မြင့်တက်စေ ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။

နျူကလီးယားသဘောတူစာချုပ်၏ အဓိကရည်ရွယ်ချက်သည်  အီရန်အနေဖြင့် နျူကလီးယား လက်နက်များအတွက် လုံလောက်သောနျူကလီးယားစွမ်းအင်ထုတ်လုပ်မည့်အချိန်ကို နှောင့်နှေးစေရန် ဖြစ်ကြောင်းနှင့်   သဘောတူစာချုပ်အရ အီရန်အပေါ်   နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းပေးကြောင်းသိရသည်။