အောင်မြေသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက အပြစ်မဲ့ပြည်သူများအား ဝိုင်းဝန်း ရိုက်နှက်

အောင်မြေသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက အပြစ်မဲ့ပြည်သူများအား ဝိုင်းဝန်း ရိုက်နှက်

နေပြည်တော်၊  မတ် - ၁၇

 မြန်မာနိုင်ငံအတွင်း အချို့မြို့ကြီးများတွင် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး ၎င်းဆန္ဒပြ သူများအနက် အချို့သောလူပုဂ္ဂိုလ်များသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေး ချမ်းမှုနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံမှုကို ထိခိုက်စေရန်ရည်ရွယ်၍ ၎င်းတို့ကို ထောက်ခံ ဝန်းရံခြင်းမရှိသူများကို သတင်းပေးများအဖြစ် စွပ်စွဲခြင်း၊ လူဂုဏ်သိက္ခာထိခိုက်စေသည့်အထိ တရားမဲ့ပြုကျင့်ခြင်း၊ နေအိမ်အဆောက်အဦနှင့် ယာဉ်များအား ဖျက်ဆီးခြင်းတို့ကို အုပ်စုဖွဲ့ ၍ ဆောင်ရွက်လျက်ရှိသည်။       

  ထိုသို့ပြုလုပ်လျက်ရှိရာ မတ် ၁၆ ရက် ည ၁၁ နာရီခွဲခန့်တွင် မန္တလေးမြို့၊ အောင်မြေ သာစံမြို့နယ်၊ ညောင်ကွဲရပ် ၈၉ လမ်း၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြားနေ ဦးဆန်းမော် (၆၀)နှစ် အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုစွပ်စွဲကာ ဆူပူအကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က နေအိမ်အား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများ၊ ကုံးသီးများဖြင့် ပစ်ခတ်ခြင်း၊ အိမ်နံရံကျောက်ပြားများ ကွဲကြေအောင် ထုရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ၎င်းပိုင်ဆိုင်သည့် INSIGHT အမျိုးအစားမော်တော်ယာဉ်၏ မှန်များနှင့်ကိုယ်ထည်များ ရိုက်ခွဲ ဖျက်ဆီးခဲ့သည်။ ထို့သို့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေသဖြင့် အိမ်နီးချင်းဖြစ်သည့် ဦးမိုးခိုင် မှ ဝင်ရောက်တောင်းပန်ဖျန်ဖြေခဲ့သော်လည်း ဆူပူအကြမ်းဖက်ဆန္ဒပြသူများက ၎င်းအား ကြိုးတုတ်ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဆူပူအကြမ်းဖက်သူများအနက်မှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ လုပ်ရပ်ကြောင့်  ဦးဆန်းမော် တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဇနီးဖြစ်သူ ဒေါ်သန္တာ၏ ဝဲဘက်ခြေထောက်နာကျင် ဒဏ်ရာ(၁)ချက်၊ ဒေါ်သန္တာ၏တူမဝမ်းကွဲတော်စပ်သူ မသန်းသန်းကြွယ် ၏ အပေါ်သွားကျိုး ဒဏ်ရာ(၁)ချက်နှင့် ဦးမိုးခိုင် တွင် ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာ  ၁ ချက်၊ ဝဲဘက်ကျောတွင် ဂျင်ကလိစိုက်ဝင်ဒဏ်ရာ ၃ ချက်စသည့် ဒဏ်ရာများရရှိခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း  သတင်းရရှိသည်။