အောင်မြေသာစံမြို့နယ်ရှိ တပ်မတော် ကိုဗစ်-၁၉ လူနာများ ကုသရေးဌာနသို့ စေတနာရှင်အလှူရှင်တစ်ဦး က Portable Digital X-Ray ဓါတ်မှန်စက် ၁ လုံးလာရောက်လှူဒါန်း

အောင်မြေသာစံမြို့နယ်ရှိ တပ်မတော် ကိုဗစ်-၁၉ လူနာများ ကုသရေးဌာနသို့ စေတနာရှင်အလှူရှင်တစ်ဦး က Portable Digital X-Ray ဓါတ်မှန်စက် ၁ လုံးလာရောက်လှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၁၈

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန် စေတနာရှင်အလှူရှင်တစ်ဦး က မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တပ်မတော် ကိုဗစ်-၁၉ လူနာများ ကုသရေးဌာနသို့ Portable Digital X-Ray ဓါတ်မှန်စက် ၁ လုံးကို ယနေ့ နေ့လယ်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ ကြောင်းနှင့် အဆိုပါဓါတ်မှန်စက်သည် ကိုဗစ်-၁၉ အတည်ပြုလူနာများ၏ အဆုတ်ရောင်ရမ်းမှုအခြေအနေကို တိကျလျင်မြန်စွာ စစ်ဆေး ကြည့်ရှုနိုင်သည့် စက်ဖြစ်ကြောင်း သတင်းရရှိသည်။