ဥရောပဘောလုံးအဖွဲ့ချုပ်က ဒိန်းမတ်အသင်းနှင့် ပွဲစဉ်မှဖြစ်ရပ်အတွက် အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ် ကို စတာလင်ပေါင် ၂၆၀၀၀ ပြစ်ဒဏ်ချမှတ်

ဥရောပဘောလုံးအဖွဲ့ချုပ်က ဒိန်းမတ်အသင်းနှင့် ပွဲစဉ်မှဖြစ်ရပ်အတွက် အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ် ကို စတာလင်ပေါင် ၂၆၀၀၀ ပြစ်ဒဏ်ချမှတ်

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် အင်္ဂလန်အသင်းနှင့်  ဒိန်းမတ်အသင်းတို့ကစားသည့် ပွဲစဉ်မှဖြစ်ရပ်အတွက် အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေးငွေ စတာလင်ပေါင် ၂၆၀၀၀ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ယူရို ၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ဇူလိုင်  ၈  ရက်က ကစားသည့်  အင်္ဂလန်အသင်းနှင့်  ဒိန်းမတ်အသင်းတို့ပွဲစဉ်၌ ပွဲစဉ်မစတင်မီ ဒိန်းမတ်အသင်း နိုင်ငံတော်သီချင်းသီဆိုချိန်တွင် အင်္ဂလန်အသင်း ပရိသတ်များက အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ပွဲချိန် ၁၀၄ မိနစ်တွင် အင်္ဂလန်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ရာ ဟယ်ရီကိန်း မကန်သွင်းယူမီ    အင်္ဂလန် အသင်းပရိသတ်များက ဒိန်းမတ်အသင်းဂိုးသမား ရှမိုက်ကယ်၏မျက်နှာကို လေဆာဆလိုက် များဖြင့် ထိုးကာ နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲစဉ်အပြီး  လူမှုကွန်ရက်စာမျက်နှာများတွင် အင်္ဂလန်အသင်းပရိသတ်များက  ဂိုးသမား ရှမိုက်ကယ် ကို     ပယ်နယ်တီမကာကွယ်နိုင်စေရန် လေဆာဆလိုက်များဖြင့်  နှောင့်ယှက်ခဲ့သည့်ဓာတ်ပုံ များ  ပျံ့နှံ့လာပြီးနောက်  ဥရောပဘောလုံးအဖွဲ့ချုပ်က  အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အရေးယူမှုများ ပြုလုပ်ရန်  စွဲချက်တင်ကာ  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ အရေးယူခြင်းဖြစ်သည်။

လက်ရှိတွင် အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လည်း  ဒိန်းမတ်အသင်းဂိုးသမား  ရှမိုက်ကယ်အား  လေဆာဆလိုက်ဖြင့်ထိုးပြီး    နှောင့်ယှက်ခဲ့သည့် ပရိသတ်ကို   စုံစမ်းမှုများပြုလုပ်နေကာ  အဆိုပါ ပရိသတ်အား  တစ်သက်တာ  ပွဲကြည့်ရှုခွင့်ပိတ်ပင်မည်ဟု  အစောပိုင်းကတည်းက  သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

Ref: Goal.com