ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့်အခြေခံပညာကျောင်းများ၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောင်းကုန်းမြို့၊ ပန်းတနော်မြို့၊ ဝါးခယ်မမြို့၊ ငရုတ်ကောင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက်     ယနေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆေးရုံဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့်    ရေစီးရေလာ ကောင်းမွန်စေ ရန် ရေနုတ်မြောင်းများတူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။          

(၁၀၀)