ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများ၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများပြုလုပ်

နေပြည်တော်  သြဂုတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊   ဇလွန်မြို့၊ကြံခင်းမြို့၊ ကျုံပျော်မြို့၊ ကျောင်းကုန်းမြို့၊ဟင်္သာတမြို့၊ လေးမျက်နှာမြို့၊ ကျိုက်လတ်မြို့နှင့် ဒေးဒရဲမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် လမ်းဘေးဝဲ/ယာပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင်  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန်  ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)