ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၁၀

Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စားရေးအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ဇူလိုင် ၉ ရက်နှင့် ယနေ့တို့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ လပွတ္တာမြို့၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ဖျာပုံမြို့များရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အတွက် စားသောက်ကုန်ပစ္စည်းများကို နယ်မြေခံရဲတပ်ဖွဲ့မှူးရုံးများ၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။