ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အမယ်(၄)မျုးထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

 
နေပြည်တော်၊ ဇွန် - ၂၉

 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့ နယ်များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ခြင်းနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးအား ထောက်ပံ့ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးကလက်ခံရယူသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။

 
ထို့အပြင် နေ့လယ်ပိုင်းတွင် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဖျာပုံမြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။