ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၈

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့၊ ငပုတောမြို့၊ ရေကြည်မြို့နှင့် ဟင်္သာတမြို့များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ ပူးပေါင်း၍ Mask များအား ဒေသခံပြည်သူများလက်ဝယ်အရောက် ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။