ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၊ နှီးနွယ်အသင်း အဖွဲ့များ ပူးပေါင်းပါဝင်ကူညီနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၊ နှီးနွယ်အသင်း အဖွဲ့များ ပူးပေါင်းပါဝင်ကူညီနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင်- ၂၄

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးက လိုအပ်သည်များဖြည့်စွက်မှာကြားသည်။ ထို့နောက် တက်ရောက် လာကြသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ၊ နှီးနွယ်အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါခန်းမ၌ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က အမှာစကားများ ပြောကြားကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။