ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် လက်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် လက်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၃

နိုင်ငံတော်အတွင်း နေရာဒေသအများအပြား၌ လူစုလူဝေးများအတွင်း အသုံးပြုရန်အတွက် “ခါတော်မှီ” စီးပွားရေးသမားများမှ လက်လုပ်ဒေသန္တရပစ္စည်းများကို တီထွင်ရောင်းချနေကြကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သတင်းအရ ညောင်တုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ဒေါ်မြင့်အေး (၆၂)နှစ် (ဖ)ဦးဟန်ညွန့်နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေခဲ့ရာ ၎င်း၏ နေအိမ်ခြံဝင်းအတွင်းမှ GXYZ စာသားပါ သံဒိုင်းကာ ၂၇ ခု၊ သံပီပါ အဖုံးအဝိုင်း ၅ ခု ၊ အနက်ရောင် သုတ်ဆေးဗူး၊ အဝါ/အဖြူရောင်ပလပ်စတစ်ဦးထုပ်(၂၀)လုံး၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့် “ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး ဒို့အရေး” စာသားပါကတ္ထူပြား များကို သိမ်းဆည်းရမိခဲ့ပါသည်။

၏၎င်းပစ္စည်းများကို သိမ်းဆည်းနေစဉ် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ဒေသခံပြည်သူ ၃၀ ဦးခန့်မှ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူဆန္ဒပြမှုများတွင် အသုံးပြုရန် ရည်ရွယ်ပြုလုပ်ထားရှိသော တရားမဝင်ပစ္စည်းများ လက်ဝယ် ထားရှိသူ ဒေါ်မြင့်အေးနှင့် ၎င်း၏ သားဖြစ်သူ ၂ ဦးတို့အား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။