ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တစ်နှစ်စီမံချက် စတုတ္ထလ၏ ပထမ ၁၅ ရက်တွင် ရှော့ခ်တိုက် ငါးဖမ်းဆီးသော လှေခြောက်စင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး  တစ်နှစ် စီမံချက် စတုတ္ထလ၏  ဒီဇင်ဘာ  ၁  ရက်မှ ၁၅ ရက်အထိ  ရှော့ခ်တိုက်ငါး ဖမ်းဆီးသောစက်နှင့် ရှပ်တန်းပါ လှေခြောက်စင်း၊ ဘက်ထရီအိုး  ငါးလုံး၊  ရှော့ခ်ပုံး လေးလုံး၊  ရှော့ခ်ဂေါ်တံခြောက်ချောင်း၊ ရှော့ခ်ခြေ တိုသောင်ဆွဲပိုက်  လေးခု၊ ရှော့ခ်မျှောပိုက်  ငါးခု သိမ်းဆည်းရမိခဲ့ပြီး  လူတစ်ဦးကို    မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဖြင့်   တရားစွဲဆိုထားကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့  (WCS) မှ  သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တစ်နှစ်စီမံချက်ကို   ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တရားမဝင ်ရှော့ခ်တိုက်ငါး ဖမ်းဆီးခြင်း လျော့နည်းပပျောက်စေရန် ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု၊ စစ်ကိုင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာန၊  မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊  စဉ့်ကူးမြို့နယ်  ငါး လုပ်ငန်းဦးစီးဌာန၊ အမှတ် (၁) ရေကြောင်း ရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး)၊ ဒေသခံ ဧရာ ဝတီလင်းပိုင် ထိန်းသိမ်းရေးအစုအဖွဲ့၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့နှင့် ကျောက်မြောင်း ဒေသရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်  မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်  ဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။

အဆိုပါစီမံချက်  စတုတ္ထလ၏  ပထမ ၁၅ ရက် (ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ) နံနက်အစောပိုင်း၊ နံနက်ပိုင်း၊ နေ့လယ် ပိုင်း၊ ညနေပိုင်း၊ ညပိုင်းတို့တွင်   ကင်း လှည့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၅ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ်     ပေါက်ကုန်းကျေးရွာအနီး၊  ဒီဇင်ဘာ ၁၅ ရက်က   ရွှေလှေကျေးရွာ အနီးနှင့်  သာယာဝတီကျေးရွာ အနီးတို့၌ ရှော့ခ်တိုက်ငါး ဖမ်းဆီးသော   စက်နှင့် ရှပ်တန်းပါလှေသုံးစင်း၊  ‌ဆက်စပ်ပစ္စည်းများနှင့် လူတစ်ဦးအား   စဉ့်ကူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့  လည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်က  သဖန်းဒေါင့်ကျေးရွာ အနောက်ဘက်သောင်ပြင်၊   ဒီဇင်ဘာ ၁၃  ရက်က  ရွှေဘိုးကြီးကျေးရွာ အနီးနှင့် စိန်ပန်းကုံးကျေးရွာတို့၌  ရှော့ခ်တိုက်ငါး ဖမ်းဆီးသော စက်နှင့်  ရှပ်တန်းပါလှေ နှစ်စင်းနှင့် ‌ဆက်စပ်ပစ္စည်းများကို မတ္တရာမြို့နယ်   ငါးလုပ်ငန်း ဦးစီးဌာနသို့လည်း ကောင်း၊ ဒီဇင်ဘာ ၉ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး  ဝက်လက်မြို့နယ်  လှေပို့ဆိပ် ကျေးရွာအနီး၌  ရှော့ခ်တိုက်ငါးဖမ်းဆီး သောစက်နှင့် ရှပ်တန်းပါ လှေတစ်စင်းနှင့် ‌ဆက်စပ်ပစ္စည်း များကို  ရွှေဘိုခရိုင်  ငါးလုပ်ငန်း ဦးစီးဌာနသို့ လည်းကောင်း ပေးပို့ အပ်နှံခဲ့ကြောင်း သိရသည်။