၂ဝ၂ဝပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်

၂ဝ၂ဝပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်

၂ဝ၂ဝ ပြည့်နှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲ ဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ(အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို  မေလ (၁၁)ရက် (အင်္ဂါနေ့)မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန်ဖြစ်ပါသည်။

အောက်ဖော်ပြပါ သီးခြားဝင်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များသို့ ပထမ ဦးစားပေးလျှောက်ထားပါက  လျှောက်လွှာများကို  အဆိုပါ တက္ကသိုလ်များသို့ တိုက်ရိုက်တင်သွင်း လျှောက်ထားရမည်ဖြစ်ပါသည်-

(၁)ရန်ကုန်တက္ကသိုလ်

(၂)မန္တလေးတက္ကသိုလ်

(၃)ရန်ကုန်နည်းပညာတက္ကသိုလ်

(၄)မန္တလေးနည်းပညာတက္ကသိုလ်

(၅)နည်းပညာတက္ကသိုလ်(မန္တလေး)

(၆)ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

(၇)သတင်းအချက်အလက်နည်းပညာတက္ကသိုလ်

(၈)မန္တလေးကွန်ပျူတာတက္ကသိုလ်

(၉)ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)

(၁ဝ)ရန်ကုန်ပညာရေးတက္ကသိုလ်

(၁၁)စစ်ကိုင်းပညာရေးတက္ကသိုလ်

(၁၂)ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

(၁၃)မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

(၁၄)နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)

(၁၅)မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊မိတ္ထီလာမြို့

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ တက္ကသိုလ်ဝင်ခွင့်ရွေး ချယ်ရေးအဖွဲ့မှ ရွေးချယ်မည့် တက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားပါက လျှောက်လွှာများကို အောက်ဖော်ပြပါ တက္ကသိုလ်၊ ကောလိပ်များသို့ တင်သွင်းလျှောက် ထားရမည်ဖြစ်ပါသည်-

(၁)မြစ်ကြီးနားတက္ကသိုလ်

(၂)လွိုင်ကော်တက္ကသိုလ်  

(၃)ဘားအံတက္ကသိုလ်      

 (၄)ဟားခါးတက္ကသိုလ်     

(၅)မုံရွာတက္ကသိုလ်

(၆)ရွှေဘိုတက္ကသိုလ်        

(၇)စစ်ကိုင်းတက္ကသိုလ်    

(၈)ထားဝယ်တက္ကသိုလ်   

(၉)တောင်ငူတက္ကသိုလ်    

(၁ဝ)ပြည်တက္ကသိုလ်       

(၁၁)ပဲခူးတက္ကသိုလ်         

(၁၂)မကွေးတက္ကသိုလ်     

(၁၃)ပခုက္ကူသိုလ်တက္ကသိုလ်      

(၁၄)မန္တလေးအဝေးသင်တက္ကသိုလ်

(၁၅)မိတ္ထီလာတက္ကသိုလ်

(၁၆)ကျောက်ဆည်တက္ကသိုလ်

(၁၇)မော်လမြိုင်တက္ကသိုလ်

(၁၈)စစ်တွေတက္ကသိုလ်

(၁၉)တောင်ကုတ်တက္ကသိုလ်

(၂ဝ)ရန်ကုန်အဝေးသင်တက္ကသိုလ်

(၂၁)တောင်ကြီးတက္ကသိုလ်

(၂၂)လားရှိုးတက္ကသိုလ်

(၂၃)ကျိုင်းတုံတက္ကသိုလ်

(၂၄)ပုသိမ်တက္ကသိုလ်

(၂၅)ဟင်္သာတတက္ကသိုလ်

(၂၆)မအူပင်တက္ကသိုလ်

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်များကို မေလ (၁၁)ရက်မှ ဇွန်လ(၁၄)ရက် အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ  အပါအဝင် (ပိတ်ရက်မရှိ) အထက်ပါ တက္ကသိုလ်များ၌ လက်ခံမည်ဖြစ်ပါသည်။

သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။

အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-ဝ၁၇-၅၃၇၆၇၇ နှင့် ဝ၁၇-၅၂၅၆၁၂၊ ဝ၁၇-၅ဝ၃၁၄၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။