၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု အဆင့်ပွဲစဉ်များ အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း စက်တင်ဘာ ၁၇ ရက်တွင် အိမ်ရှင်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်

၂ဝ၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု အဆင့်ပွဲစဉ်များ အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း စက်တင်ဘာ ၁၇ ရက်တွင် အိမ်ရှင်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်

၂ဝ၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ်   မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် အုပ်စုအဆင့်ပွဲစဉ်များကို စက်တင်ဘာ  ၁၇ ရက်၊ ၂ဝ ရက် နှင့် ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ရာ အိမ်ရှင်အသင်းနှင့် စတင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့်  ၂ဝ၂၂  အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ  အုပ်စု (ဃ)ပွဲစဉ်များကို လက်ဘနွန်နိုင်ငံ၌ ကျင်းပ မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းအနေဖြင့် အုပ်စုပွဲစဉ်များ အဖြစ် စက်တင်ဘာ  ၁၇  ရက်တွင်   အိမ်ရှင် လက်ဘနွန် အမျိုးသမီး အသင်းနှင့်   စတင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စက်တင်ဘာ  ၂ဝ ရက်တွင် ဂူအမ်အသင်း၊ စက်တင်ဘာ ၂၃ ရက်တွင် ယူအေအီး အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့်    ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို လက်ဘနွန်နိုင်ငံ Jou-nieh့  မြို့ရှိ Fouad Chehab အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

လက်ရှိတွင်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ယူ-၁၆ အသင်း၊ ယူ-၁၉ အသင်းတို့မှ  လူငယ်ကစားသမားများနှင့် အတူ  ဝါရင့် ကစားသမားများဖြင့် ဖွဲ့စည်းပြီး  ဇူလိုင်လ အစောပိုင်းကတည်းက  ပဏာမ ကစားသမားဦးရေ   ၃ဝ ဖြင့်  စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  ၂ဝ၂၂   အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ  ခြေစစ်ပွဲအပြင်   အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကို  ၂ဝ၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး  အိမ်ရှင်အိန္ဒိယ အမျိုးသမီးအသင်း၊ ၂ဝ၁၈  အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ၌   ချန်ပီယံဆုရရှိခဲ့သည့်   ဂျပန် အသင်း၊ သြစတြေးလျနှင့်  တရုတ်အသင်း တို့က တိုက်ရိုက်ဝင်ခွင့် ရရှိထားပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသင်း ရှစ်သင်း စုစုပေါင်း  ၁၂   သင်းဖြင့်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။