၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၂၆

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရစစ်သည်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄)ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၄၃ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် စစ်သည် ၁၅ ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နိုင်ငံတကာအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှင်၊ နိုင်ငံတကာအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ ဒုတိယဆုရရှိသူ ၁ ဦး၊ ပညာသင်ဆုရရှိသူ ၆ ဦးနှင့် ဘက်စုံထူးချွန်လူငယ်ဆုရရှိသူ ၁ ဦး တို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရစစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ အား လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။