၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများအပြီး နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် အိမ်ရှင်၈ျပန်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်နေ

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများအပြီး နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် အိမ်ရှင်၈ျပန်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်နေ

ဂျပန်နိုင်ငံ၌   ကျင်းပနေသည့်  ၂၀၂၀  တိုကျိုအိုလံပစ်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများအပြီး  နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံက ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့တို့တွင် တရုတ်နိုင်ငံက အိမ်ရှင်ဂျပန်နိုင်ငံကိုကျော်ဖြတ်ကာ ထိပ်ဆုံးမှ နှစ်ရက်ဆက်ဦးဆောင် နိုင်ခဲ့သော်လည်း တတိယနေ့တွင် ဆုတံဆိပ်ရရှိမှုများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး     တရုတ်နိုင်ငံအနေဖြင့် အဆင့်(၃)နေရာအထိ ကျဆင်းခဲ့ကာ  ဂျပန်နိုင်ငံက ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် သုံးခု   စုစုပေါင်းဆုတံဆိပ်  ၁၃  ခုဖြင့်  ထိပ်ဆုံးမှ  ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများအပြီး နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် ဂျပန်နိုင်ငံ၏နောက်၌ အမေရိကန်နိုင်ငံက ရွှေ ခုနစ်ခု၊ ငွေ သုံးခု၊ ကြေး  လေးခုဖြင့်  အဆင့်(၂)၊ တရုတ်နိုင်ငံက ရွှေ  ခြောက်ခု၊ ငွေ ငါးခု၊ ကြေး ခုနစ်ခုဖြင့်  အဆင့်(၃)၊  ရုရှားနိုင်ငံက ရွှေ လေးခု၊ ငွေ ငါးခု၊ ကြေး သုံးခုဖြင့် အဆင့်(၄)၊ ဂရိတ်ဗြိတိန်က  ရွှေ သုံးခု၊ ငွေ သုံးခု၊  ကြေး တစ်ခုဖြင့် အဆင့်(၅)၊ တောင်ကိုရီးယားနိုင်ငံက  ရွှေ သုံးခု၊ ကြေး လေးခုဖြင့် အဆင့်(၆)၊ သြစတြေးလျ နိုင်ငံက ရွှေ နှစ်ခု၊ ငွေ တစ်ခု၊  ကြေး သုံးခုဖြင့်  အဆင့်(၇)၊ ကိုဆိုဗိုနိုင်ငံက ရွှေ နှစ်ခုဖြင့် အဆင့်(၈)၊ အီတလီနိုင်ငံက ရွှေ တစ်ခု၊ ငွေ လေးခု၊ ကြေး လေးခု ဖြင့်   အဆင့်(၉)နှင့် ပြင်သစ်နိုင်ငံက ရွှေ တစ်ခု၊ ငွေ နှစ်ခု၊  ကြေး နှစ်ခုဖြင့်  အဆင့်(၁၀) နေရာ၌  အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။

Ref:Olympics.com