၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကနေဒါ အသင်းနှင့် ဆွီဒင်အသင်းတို့ သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကနေဒါ အသင်းနှင့် ဆွီဒင်အသင်းတို့ သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကနေဒါ အသင်းနှင့် ဆွီဒင် အသင်းတို့ သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များအဖြစ် သြဂုတ် ၂ ရက်က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ် နေသည့် အမေရိကန်အသင်းနှင့် ကနေဒါအသင်းတို့ ယှဉ်ပြိုင်ကစားရာ  ကနေဒါအသင်းက  ၁ ဂိုး-ဂိုးမရှိ ဖြင့်အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ပထမအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ကနေဒါအသင်းသည်  လက်ရှိ   တိုကျိုအိုလံပစ် ပြိုင်ပွဲတစ်လျှောက် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ကာ  တစ်ပွဲနိုင်၊ နှစ်ပွဲသရေ  ရမှတ်ငါးမှတ်ရရှိပြီး အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။   အလားတူ   ကွာတားဖိုင်နယ် အဆင့်တွင်လည်း ချန်ပီယံဆုအတွက် ရေပန်းစားနေသည့် အသင်းများမှ  တစ်သင်း အပါအဝင် ဖြစ်သော ဘရာဇီးအသင်းနှင့်ကစားရာ    ပယ်နယ်တီအဆုံးအဖြတ်  ၄ဂိုး-၃ ဂိုးဖြင့်အနိုင်ရရှိပြီး  ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ဆီမီးဖိုင်နယ်အဆင့်၌ ပွဲကျပ်အဖြစ် ဆက်လက်ကစားခဲ့ရပြီး ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ရပ်တည်နေသည့် အမေရိကန်အသင်းနှင့်ယှဉ်ပြိုင် ကစားခဲ့ရာ တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးဖြင့်ပင် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

ဆွီဒင်အသင်းသည် ပြိုင်ပွဲမစတင်မီက ချန်ပီယံဆုအတွက် ရေပန်းစားမှု အနည်းငယ် သာရှိခဲ့သော်လည်း အုပ်စုပွဲစဉ်များ၌  ရလဒ်များ ဆက်တိုက်ကောင်းမွန်ပြီး အုပ်စုပွဲစဉ် သုံးပွဲစလုံးအနိုင်ရရှိခဲ့ကာ အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်အဆင့်တွင်လည်း အိမ်ရှင် ဂျပန်အသင်းနှင့်ကစားရာ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်လာနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနှင့် ကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ   အိုလံပစ်ပြိုင်ပွဲ   ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်တို့တွင် ပြိုင်ပွဲဝင် အသင်းအားလုံး ပယ်နယ်တီ အဆုံးအဖြတ်ကစားခဲ့ရသော်လည်း ဆွီဒင်အသင်း တစ်သင်းသာ   ပယ်နယ်တီ အဆုံးအဖြတ်မကစားရဘဲ   ပွဲစဉ်အားလုံးအနိုင်ရရှိသည့် အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပြိုင်ပွဲ   ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်အားလုံးပြီးဆုံးပြီး ဗိုလ်လုပွဲတစ်ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင်  သွင်းဂိုး အများဆုံးကစားသမားစာရင်း၌   နယ်သာလန်အသင်းတိုက်စစ်မှူး မိုင်ဒီမာက သွင်းဂိုး ၁၀ ဂိုးဖြင့် ထိပ်ဆုံးမှရပ်တည်လျက်ရှိကြောင်း သိရသည်။   

Ref:Olympics.com