၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက် အကောင်းဆုံး ဒုတိယ၊ တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် ခရိုင်၊ မြို့နယ်တို့မှ ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီ

၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက် အကောင်းဆုံး ဒုတိယ၊ တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် ခရိုင်၊ မြို့နယ်တို့မှ ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၂၄

၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက် အကောင်းဆုံး ဒုတိယ၊ တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး ရရှိသည့် ခရိုင်၊ မြို့နယ်တို့မှ ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက မြန်မာ့ကျောင်းသား သီးချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ယင်း နောက် ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အောင်ချက်အကောင်းဆုံး ဒုတိယအဆင့်ဆုနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက် အကောင်းဆုံး(ပထမ၊ ဒုတိယ၊ တတိယ)ရရှိခဲ့သည့် ခရိုင်၊ မြို့နယ်တို့ရှိ ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော (၆)ဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၇၇ ဦးနှင့် (၄) ဘာသာဂုဏ်ထူးရှင် ၄၀ ဦးတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အမှတ်တရာစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။