၂၀၂၁ - ၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမားအဖြစ် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ယူရို သန်း ၁၂၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေ

၂၀၂၁ - ၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမားအဖြစ် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ယူရို သန်း ၁၂၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်   ဈေးကွက်တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက ယူရို သန်း ၁၂၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

လက်ရှိကစားသမား အပြောင်းအရွှေ့ကာလ ပရီး မီးယားလိဂ်ပြိုင်ပွဲတွင်  အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့သည့် ထိပ်တန်းကစားသမား အပြောင်းအရွှေ့အဖြစ်  ယခုလအတွင်း  ဒေါ့မွန် အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ကစားခဲ့သည့်  ဆန်ချို၏ အပြောင်းအရွှေ့က  လက်ရှိတွင် တန်ဖိုးအမြင့်ဆုံးအပြောင်းအရွှေ့အဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

သို့သော် လက်ရှိအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအပြောင်းအရွှေ့  ဆက်လက် ဖြစ်ပေါ်ဖွယ်ရှိပြီး လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဈေးကွက်တန်ဖိုး အများဆုံးစာရင်း၌   ဟယ်ရီကိန်း၏နောက်တွင် ဆန်ချိုက ယူရို သန်း ၁၀၀၊ လီဗာပူးအသင်းမှ ဆာလက်ချ်နှင့်  မန်စီးတီးအသင်းမှ  ဒီဘရိုင်းတို့က သန်း ၁၀၀ စီ၊ မန်စီးတီးအသင်းမှ စတာလင်း၊ မန်ယူအသင်းမှ ဘရူနိုဖာနန်ဒက်စ်တို့က ယူရို သန်း ၉၀ စီ၊ မန်ယူအသင်းမှ ရက်ရှ်ဖို့ဒ်၊ စပါးအသင်းမှ ဆွန်ယောင်မင်၊ လီဗာပူးအသင်းမှ မာနေးတို့က ၈၅ သန်းစီနှင့် မန်စီးတီးအသင်းမှ လူငယ်ကစားသမား ဖိုဒန်က ယူရို သန်း ၈၀ ဖြင့် အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။

Ref:Transfer Market.com