၂၀၂၁ -၂၀၂၂ ဘောလုံးရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲ ပွဲစဉ်ဇယားများထုတ်ပြန်ကြေညာပြီး ပြိုင်ပွဲကို သြဂုတ် ရက်မှ ၂၀၂၂ ခုနှစ် မေ ၂၁ ရက်အထိ ကျင်းပမည်

ပဲရစ်၊ ဘောလုံး

ပြင်သစ်လီဂူးဘောလုံးအဖွဲ့ချုပ်က ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲ ပွဲစဉ်ဇယားများ ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကာ ပြိုင်ပွဲကို သြဂုတ်  ၈ ရက်မှစတင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မေ ၂၁  ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁  ဘောလုံးရာသီ  ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲတွင် လိုင်လီအသင်းက  နာမည်ကြီးပီအက်စ်ဂျီ အသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။လာမည့်ဘောလုံးရာသီသစ်တွင် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲသို့  ထရွိုင်းယက်စ် အသင်းနှင့် ကလီးယားမောင့် အသင်းတို့က တန်းတက်ခွင့်ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့်  ပွဲစဉ်(၁)အဖြစ်  လက်ရှိချန်ပီယံ လိုင်လီအသင်းနှင့် မက်အသင်း၊  ဘော်ဒိုးအသင်းနှင့် ကလီးယားမောင့်အသင်း၊ လိုင်ယွန်အသင်းနှင့် ဘရက်စ်အသင်း၊ မိုနာကိုအသင်းနှင့် နန့်တက်စ်အသင်း၊ မောင့်ပယ်လီယာ အသင်းနှင့် မာဆေးအသင်း၊ နိုက်စ်အသင်းနှင့် ရိမ်းအသင်း၊ ရင်းနက်စ်အသင်းနှင့် လန်းအသင်း၊  စိန့်အက်တီရန်အသင်းနှင့် လိုရီးယန့်အသင်း၊ စထရာဘော့အသင်းနှင့်  အန်းဂါးအသင်း၊  ထရွိုင်းယက်စ် အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။