၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ စက်တင်ဘာ - ၁၀

 

၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင် အသင်း ၈ သင်း ဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြား ထားသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်း ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် မအူပင်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။
အဖွင့်ပွဲစဉ်တွင် ကျုံပျော်ခရိုင်အသင်းက မအူပင်ခရိုင် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။