၂၀၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲကျင်းပမည့်ကာလကို အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိပြောင်းလဲကျင်းပမည်

ရန်ကုန်  သြဂုတ်  ၂၆

အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ  ခြေစစ်ပွဲကျင်းပမည့်ကာလပြောင်းလဲခဲ့ပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက အာရှဘောလုံးအဖွဲ့ချုပ်သည်  ၂၀၂၂ ယူ-၂၃  အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၂၃ ရက်မှ ၃၁  ရက်အထိကျင်းပရန်  သတ်မှတ်ထားသော်လည်း ယခုအခါ  ပြိုင်ပွဲကျင်းပမည့်ကာလ ပြောင်းလဲခဲ့ပြီးနောက် ပြိုင်ပွဲကို နှစ်ရက် နောက်ဆုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ   ခြေစစ်ပွဲအဆင့်တွင်  အုပ်စု(A)၌  ဆီးရီးယား၊ ကာတာ၊ သီရိလင်္ကာနှင့် ယီမင်အသင်းတို့ ပါဝင်ပြီး                      ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လည်းကောင်း၊ အုပ်စု(B)၌ အီရန်၊ တာဂျစ် ကစ္စတန်၊  လက်ဘနွန်နှင့်  နီပေါအသင်း တို့ပါဝင်ပြီး တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင် အဖြစ်လည်းကောင်း၊ အုပ်စု(C)၌ အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက် အသင်းတို့ပါဝင်ပြီး  ဘာရိန်းနိုင်ငံက အိမ်ရှင် အဖြစ်လည်းကောင်း၊ အုပ်စု(D)၌ ဆော်ဒီ အာရေဗျ၊   ဘင်္ဂလားဒေ့ရှ်၊   ကူဝိတ်နှင့်  ဥဇဘတ်ကစ္စတန်အသင်းတို့ပါဝင်ပြီး ကူဝိတ် နိုင်ငံက    အိမ်ရှင်အဖြစ်လည်းကောင်း၊ အုပ်စု(E)၌ ယူအေအီး၊ အိုမန်၊ အိန္ဒိယနှင့် ကာဂျစ္စတန်အသင်းတို့ပါဝင်ပြီး  ယူအေအီး နိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ အုပ်စု (F)၌ ဂျော်ဒန်၊ ပါလက်စတိုင်းနှင့်  တာမင် နစ္စတန်အသင်းတို့ပါဝင်ပြီး ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ အုပ်စု(G)၌  သြစတြေးလျ၊  တရုတ်၊  အင်ဒိုနီးရှားနှင့် ဘရူနိုင်းအသင်းတို့ပါဝင်ပြီး   အင်ဒိုနီးရှား နိုင်ငံက    အိမ်ရှင်အဖြစ်လည်းကောင်း၊ အုပ်စု(H)၌ တောင်ကိုရီးယား၊  စင်ကာပူ၊ တီမောနှင့်   ဖိလစ်ပိုင်အသင်းတို့ပါဝင်ပြီး စင်ကာပူနိုင်ငံက    အိမ်ရှင်အဖြစ်လည်း ကောင်း၊ အုပ်စု(I)၌ ဗီယက်နမ်၊ မြန်မာနှင့် တရုတ်(တိုင်ပေ) အသင်းတို့ပါဝင်ပြီး တရုတ် (တိုင်ပေ)က အိမ်ရှင်အဖြစ်လည်းကောင်း၊ အုပ်စု(J)၌  ထိုင်း၊ မလေးရှား၊  လာအို၊ မွန်ဂိုလီးယား အသင်းတို့ပါဝင်ပြီး  မွန်ဂို လီးယားနိုင်ငံက    အိမ်ရှင်အဖြစ်လည်း ကောင်း၊  အုပ်စု (K) ၌  ဟောင်ကောင်၊ ဂျပန်နှင့်  ကမ္ဘောဒီးယား အသင်းတို့ ပါဝင်ပြီး  အိမ်ရှင်နိုင်ငံကို ထပ်မံရွေးချယ်မည်ဖြစ် သည်။

၂၀၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ် ပွဲအဆင့်တွင်  အုပ်စုတစ်ခုချင်းစီမှ  ပထမ ရရှိသည့်အသင်း ၁၁ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရရှိသည့်  အသင်းလေးသင်း နှင့်   အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့်  ဥဇဘတ်ကစ္စတန်အသင်း  စုစုပေါင်း  ၁၆ သင်းဖြင့်  ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။                           

STA