(၂၀၂၂-၂၀၂၃)ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်ကြည့်ရှုအားပေးချီးမြှင့

(၂၀၂၂-၂၀၂၃)ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း  အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မ တော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီ ကောလိပ် ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် မိထ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး သည်။

အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် (၁၃) မိနစ်တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံပါတ်(၇)က အဖွင့် ဦးဆောင်ဂိုးကို  လှပစွာသွင်းယူရရှိခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း မိတ္ထီလာ ပညာ ရေးဒီဂရီကောလိပ်အသင်းက ပွဲကစားချိန် (၄၅) မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ချေပဂိုး ပြန် လည်သွင်းယူခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန်  မိနစ် ၆၀ တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက အလွတ်တည်ကန်ဘောမှ တစ်ဆင့် ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းက ပွဲချိန် ၇၂ မိနစ်တွင် ချေပဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၉၀ တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက တတိယအနိုင်ဂိုး သွင်းယူခဲ့သဖြင့် ဘားအံပညာ ရေးဒီဂရီကောလိပ်အသင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းကို ၃ ဂိုး၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ကောင်စီဝင် ဦးရန်ကျော်က အကောင်းဆုံးဂိုးသမားဆုရရှိသည့် ဘားအံပညာရေး ဒီဂရီကောလိပ်အသင်းအသင်းမှ ဂိုးသမား စောလူမင်းအောင် ကို လည်းကောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်က အကောင်းဆုံး နောက်တန်းအားကစား သမားဆု ရရှိသည့် မကွေးပညာရေးဒီဂရီကောလိပ်အသင်းမှ မျိုးလင်းအောင် ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်း ဆုံး အလယ်တန်းအားကစားသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ရဲသွေး ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဦးမောင်ကိုက အကောင်း ဆုံးရှေ့တန်းအားကစားသမားဆုရရှိသည့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းမှ ချိုတူး ကို လည်းကောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီ ကောလိပ် အသင်းမှ စောတူးတူးဘီ ကို  လည်းကောင်း  တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက တတိယ ဆုရရှိသည့် မကွေးပညာရေးဒီဂရီကောလိပ်အသင်းကို လည်းကောင်း၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒုတိယဆုရရှိသည့် မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းကို လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းကို ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများ ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

 (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး   ပြိုင်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ် အနက်မှ လူမှုရေးဦးတည် ချက်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို  အပြည့် အဝအထောက်အကူဖြစ်စေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန် အားက စားများမှသည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲကိုလည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းမှာပင် ကျင်းပရန်ရှိကြောင်းလည်း သတင်းရရှိ သည်။