(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် လားရှိုးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌ သန့်ရှင်းရေးပြုလုပ်

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် လားရှိုးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌ သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၈

       

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့ နံနက်ပိုင်းတွင် ခရိုင်/ မြို့နယ်အသီးသီးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆေးရုံ အတွင်းအပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းတူးဖော် ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။