(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း
 
နေပြည်တော်၊ စက်တင်ဘာ - ၁၅
 

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၌ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သတ်မှတ် နေရာအသီးသီး ၌ စုပေါင်းသွေးလှူဒါန်းကြရာ ထိုသို့သွေးလှူဒါန်းနေမှုများကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကာ သွေးအလှူ ရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာ များပေးအပ်သည်။ ထို့နောက် တပ်မတော်ဆေးရုံမှ ဆေးရုံအုပ်ကြီးက သွေးအလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။