(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့၌ စုပေါင်း သွေးလှူဒါန်း

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့၌ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၃

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ပိုင်းတွင် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံ တပ်မတော် ဆေးရုံတို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆေးရုံများရှိ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းနေမှုများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။