“နိုင်ငံသားတစ်ယောက်အဖြစ် အခိုင်အမာအသိအမှတ်ပြုနိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်ရှေ့လုပ်ငန်းစဉ်တွေအားလုံးမှာ မရှိမဖြစ်လို အပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို အခု “ပန်းခင်း” စီမံချက်နဲ့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”

 “နိုင်ငံသားတစ်ယောက်အဖြစ် အခိုင်အမာအသိအမှတ်ပြုနိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်ရှေ့လုပ်ငန်းစဉ်တွေအားလုံးမှာ မရှိမဖြစ်လို အပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို အခု “ပန်းခင်း” စီမံချက်နဲ့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”

နိုင်ငံသားတိုင်း သတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်သည့်သူများကို ရသင့်ရ ထိုက်သည့် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၃ ဒသမ ၈ သန်းကျော်ကို အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များကို စီမံချက်ကာလ ၁၈ လ (တစ်နှစ်ခွဲ) ကြာဖြင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်နေမှု၊ ဆက်လက် လုပ်ဆောင်မည့် အစီအစဉ်များ နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်တွေ့ဆုံ မေးမြန်းခဲ့ပြီး ပြည်သူများအနေဖြင့် စီမံချက်နှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို လေ့လာနိုင်ရန်နှင့်  ကိုယ်တိုင် လုပ်ဆောင်ရမည့်သူများအနေဖြင့်လည်း လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားနိုင်ရန်အတွက် ယခုကဲ့သို့ ရေးသား ဖော်ပြလိုက်ရပါသည်-

မေး။ ။ ပန်းခင်းစီမံချက်ဆိုတာ ဘယ်လို စီမံချက်ပါလဲဆိုတာပထမဆုံးရှင်းပြပေးစေ ချင်ပါတယ်။

ဖြေ။ ။ ပန်းခင်းစီမံချက်ဆိုတာ ကျွန်တော် တို့ ဝန်ကြီးဌာနကရွေးချယ်ထားတဲ့ အများ သဘောတူတဲ့ အမည်နာမတစ်ခုဖြစ်ပါ တယ်။  ပန်းခင်းစီမံချက်ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့မှာအဆင့်ဆင့်ဆောင် ရွက်ခဲ့တာတွေလည်းရှိပါတယ်။ ပန်းခင်းစီမံ ချက်ဆိုတာ ရသင့်ရထိုက်သူများကို နိုင်ငံ သားကတ်တွေအရှိန်အဟုန်ဖြင့် ထုတ်ပေးဖို့ ပြုလုပ်တဲ့စီမံချက်ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့တာဝန်တွေ များစွာထဲကမှ သတ်မှတ်ချက်တွေနဲ့အညီ အကျုံးဝင်တဲ့သူတွေကို နိုင်ငံသားစိစစ်ရေး ကတ်တွေကို ထုတ်ပေးဖို့ဆိုတာက လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ အဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ၂၀၁၀၊ ၂၀၁၁ ခုနှစ်မှာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီတာဝန်ယူခဲ့စဉ်က “မိုးပွင့်” ဆိုတဲ့ စီမံချက်နဲ့စတင်ခဲ့ပါတယ်။ “မိုးပွင့်” ရည်ရွယ်ချက်ကတော့ ပြည်သူတွေ နိုင်ငံသား အခွင့် အရေးကိုအပြည့်အဝရရှိဖို့၊ အနာဂတ်ဘဝဖြောင့်ဖြူးသာယာဖို့  မိုးစက်မိုးပေါက်ကလေးတွေကြောင့် လူတွေစိတ်ချမ်းသာ၊ ကိုယ်ချမ်း သာနှင့် အေးမြစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “မိုးပွင့်”ဆိုတဲ့ မှတ်ပုံတင် ထုတ်ပေးရေးစီမံချက်ကို စခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံချက် ကာလကတော့ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်းမှာ မိုးပွင့်အဆင့်(၇)၊ မိုးပွင့်အထူးစီမံချက်(၈)ဆိုပြီး စုစုပေါင်း စီမံချက်ကြီး(၈)ခုကို ဆောင် ရွက်ခဲ့ပြီးတော့ နိုင်ငံသားကတ်ပေါင်း ၈ ဒသမ ၄ သန်းနီးပါးကို ထုတ်ပေးဆောင်ရွက်နိုင်ခဲ့ တာဖြစ် ပါတယ်။ ၂၀၁၆ ခုနှစ်ကစတင်ပြီး နောက်ထပ် အဆင့်ဆင့်တာဝန်ယူကြတဲ့ ဝန်ကြီးဌာနအကြီးအကဲများကလည်း ဒီစီမံချက်ပေါ်မှာ ဆက်လက်ပြီးတော့ လုပ် ဆောင်သင့်တဲ့ စီမံချက်တစ်ခုအဖြစ် ယုံကြည်ယူဆတဲ့အတွက်ကြောင့် နိုင်ငံသားတွေအပေါ် မှာထားရှိတဲ့ သစ္စာတရားကိုအခြေခံပြီး “သစ္စာ”ဆိုတဲ့ စီမံချက်နဲ့ ဒီလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ရာမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နောက်ထပ် ထပ်မံပြီး နိုင်ငံသားကတ်ပေါင်း ၆ ဒသမ ၄ သန်း ထုတ်ပေးခဲ့ပါတယ်။ ယခု ဒီစီမံချက်ကာလ ကိုရောက်လာတဲ့ အတွက်ကြောင့် နိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်လို့ နိုင်ငံတော်ကလည်း မူဝါဒချမှတ်ဆောင်ရွက်ပြီး တာဝန်ပေးစေခိုင်းသလို ကျွန်တော် တို့ ဝန်ကြီးဌာနရဲ့အဓိကလုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံသားတွေ နိုင်ငံသားတစ်ယောက်အဖြစ် အခိုင်အမာ အသိအမှတ်ပြုနိုင်ဖို့ နိုင်ငံတော်ရဲ့အနာ ဂတ်ရှေ့လုပ်မယ့်လုပ်ငန်းစဉ်တွေအားလုံးမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေး ကတ်တွေကို အခု “ပန်းခင်း” လို့အမည်နာမ ဖော်ဆောင်ထားတဲ့ စီမံချက်နဲ့ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရဖို့အနာဂတ်ဘဝဖြောင့်ဖြူးသာယာဖို့အတွက် မိုးစက်မိုးပေါက်ကလေးတွေကြောင့် လူတွေစိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အေးမြဖို့ ရည်ရွယ်ချက်နဲ့ မိုးပွင့်စီမံချက်ကစခဲ့ပြီး သစ္စာစီမံချက်နဲ့ အားကောင်းရှင်သန်စေခဲ့ ကာ ရရှိလာတဲ့အကျိုးရလဒ်တွေကြောင့် စိတ်အေးချမ်းသာဖြစ်စေတဲ့ ပန်းခင်းကြီးတစ်ခုဆက်လက်ဖန်တီးပေးနေတယ်ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီလိုနိမိတ်တဘောင်ကို ယူပြီး တော့ “ပန်းခင်း” စီမံချက်ဆိုပြီး အမည် နာမတပ်ပြီး အခုဆက်လက်ဆောင်ရွက် နေတာဖြစ်ပါတယ်။

မေး။ ။ ပန်းခင်းစီမံချက်ကို ဘယ်လိုပုံစံမျိုး နဲ့ဆောင်ရွက်မယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ပန်းခင်းစီမံချက်အတွက် အမျိုး အစား(၄)မျိုးခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒါတွေကတော့-(၁) လက်ရှိ ဇာတိ ဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ် ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးနေ ပါတယ်။ (၂) လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း လည်းမရှိဘူး။ ကိုင်ဆောင်လက်မှတ်လည်းမရှိသူများကို ဆောင်ရွက်ပေးနေပါတယ်။ (၃) ပြောင်းရွှေ့နေထိုင်သူအတွက် မူလ ဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိပြောင်းရွှေ့ နေတဲ့ ဒေသမှာ ကိုင်ဆောင်လက် မှတ်မရှိသူတွေကို ဆောင်ရွက်ပေးနေပါ တယ်။ (၄)ပြောင်းရွှေ့နေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိရောက်ရှိနေ တဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ် မရှိသူတွေအတွက် အိမ်ထောင်စုစာရင်းရော၊ မှတ်ပုံတင်ရော ဆောင်ရွက်ပေးနေတဲ့ အမျိုးအစားလေးမျိုးပဲ ဖြစ်ပါတယ်။

မေး။ ။ ပန်းခင်းစီမံချက်နဲ့ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ဖို့ ဆရာတို့ ဘယ်လိုတွေဆောင်ရွက်နေတယ် ဆိုတာကိုလည်းရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ပန်းခင်းစီမံချက်နဲ့ပတ်သက်ပြီး နိုင်ငံ တော်ရဲ့မူဝါဒလမ်းညွှန်ချက်တွေ၊  နိုင်ငံ တော်က ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုတွေ၊ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ကြပ် မတ်မှုတွေ၊ မိမိတို့ဝန်ထမ်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့အတူ စနစ်တကျပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ အကြမ်း ဖျင်းအနေနဲ့ အပိုင်း(၃)ပိုင်းနဲ့ စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအပိုင်း တွေကတော့ (၁) ကျွန်တော်တို့ဝန်ကြီး ဌာန ဦးစီးရုံးချုပ်မှ လုပ်ရမယ့်အပိုင်း၊ (၂) ပူးပေါင်းဆောင်ရွက်မှုအပိုင်း၊ (၃) မီဒီယာ ကဏ္ဍကို  Strategy Plan ရေးဆွဲပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်နေတဲ့အပိုင်းတို့ပဲဖြစ်ပါတယ်။ အပိုင်း အလိုက်လုပ် ငန်းစဉ်တွေ ကို အကျယ်တဝင့်ပြောရရင် (၁)အချက်ဖြစ်တဲ့မိမိတို့ဝန်ကြီး ဌာနအပိုင်းမှာ ဒီစီမံချက်ကို ကာလကန့် သတ်ချက်နဲ့ အချိန်မီပြီး နိုင်ဖို့အတွက် လက်ရှိအင်အားဖြည့်တင်းတဲ့လုပ်ငန်းတွေ အုပ်ချုပ်မှုယန္တရား အဆင်ပြေချောမွေ့ရေး အတွက် လုပ်ငန်းတွေ ကိုအားစိုက်ပြီး ဆောင်ရွက်နေပါတယ်။ စီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်ကတည်းက စတင်ခဲ့တာပါ။ (၂) အချက်ကတော့ ဝန်ကြီး ဌာနနဲ့အများ ပြည်သူပူးပေါင်းဆောင်ရွက် (Cooperation Coordination) ရမယ်။ ဆောင်ရွက်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပေါင်းစပ် ဆောင်ရွက်ခြင်း၊ မြန်မာ နိုင်ငံမှာရှိတဲ့ တရားဝင်အဖွဲ့အစည်း NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ဥပမာ-အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မိခင်နှင့် ကလေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ YMBA စတဲ့ တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းတွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ (၃)အချက် ကတော့ ပြည်သူတွေကို အသိပေးဖို့ Media နဲ့ပတ်သက်ပြီး (Media Strategy Plan) ဆွဲပြီး ဆောင်ရွက်နေပါတယ်။ Online နဲ့အသိပေးခြင်း၊ Offline နဲ့အသိပေးခြင်း၊ Printed Media လို့ခေါ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်သင့်တာတွေကို အများကြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက စီမံချက်နဲ့ပတ်သက်ပြီး Website တွေ Facebook Page တွေထောင်ထားပါတယ်။  အွန်လိုင်း ပေါ်မှာ  တိုင်းရင်းသား ဘာသာတွေနဲ့ပတ်သက်ပြီး ရှင်းပြတာတွေလုပ်တယ်။ Interview တွေလုပ်မယ်။ စကားဝိုင်း တွေ လုပ်မယ်။  အမေးအဖြေတွေလုပ်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့  ပူးပေါင်း ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ အလားတူ အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်။ ပြည်သူတွေနားထဲမှာ ပန်းခင်းဟာ နိုင်ငံအတွက် အမှန်တကယ်လိုအပ်တဲ့ စီမံချက်ဆိုတာကိုသိပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြင့်တက်လာအောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Public Awareness လို့ခေါ်တဲ့ ပြည်သူတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေကို အများကြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Online  အပြင် Printed Media လို့ခေါ်တဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အသိပညာပေး ဆောင်းပါးတွေ ထည့်ဖို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။

မေး။   ။ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအနေနဲ့ ဝန်ကြီးဌာနနဲ့ ပြည်သူလူထု၊ ဝန်ထမ်းတွေအပေါ်မှာ ဘယ်လို ဖြည့်ဆည်းဆောင်ရွက်ပေးသလဲဆိုတာကိုလည်း ပြောပြပေးစေချင်ပါတယ်။

ဖြေ။    ။ နိုင်ငံတော်ရဲ့မူဝါဒနဲ့ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်တွေကတော့ သတင်းစာတွေ၊ တီဗွီတွေမှာ မကြာခဏပါရှိပြီးဖြစ်ပါတယ်။ “ပန်းခင်း” စီမံချက်အတွက် နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ချက်တွေအနေနဲ့ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနက လိုအပ်နေတဲ့ ဝန်ထမ်းအင်အား အရေအတွက်တွေကို ခန့်အပ်ထားဖို့အတွက် ခွင့်ပြုပေးခြင်း၊ နေရာဒေသတိုင်းမှာ သွေးစစ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း တွေကို နိုင်ငံတော်မှ  ဖြည့်ဆည်းစီစဉ်ပေးခြင်း၊ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လိုအပ်တဲ့ စရိတ်စက ထုတ်ပေးခြင်းတွေကို နိုင်ငံတော် က ထိထိရောက်ရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။  ။ စီမံချက်ကိုလုပ်မယ်ဆိုရင် ရုံးမှာလုပ်မှာလား၊ ကွင်းဆင်းဆောင်ရွက်မှာလား၊ အခုလို   ကိုဗစ်ကာလမှာ  ကျန်းမာရေးအတွက်   ကန့်သတ်ချက်နဲ့ ဘယ်လိုတွေဆောင်ရွက်နေပါသလဲ။

ဖြေ။   ။ ကျွန်တော်တို့က တချို့အရာတွေကို အချိန်သတ်မှတ်ချက် (Time Frame) တွေနဲ့လုပ်ရတာဖြစ်လို့   ရတဲ့အချိန်မှာ ရသလို ကြိုးပမ်းပြီးတော့ ဆောင်ရွက်နေပါတယ်။ အထက်မှာပြောခဲ့သလို တပ်မတော်၊ ကျန်တဲ့အဖွဲ့အစည်းအသီးသီးတွေ၊ NGO တွေကို ကျွန်တော်တို့ ကြိုတင်အကြောင်းကြားပြီး  in title ဖြစ်တဲ့၊  လုပ်ခွင့်ရှိတဲ့ သတ်မှတ်ချက်ပြည့်စုံတဲ့ လူတွေစာရင်းကို ကြိုယူ၊ ရှေ့ပြေး လျှောက်လွှာတွေ  ကြိုပို့၊ ဖြည့်ထား၊ အခြေအနေပေးတာနဲ့ ကွင်းဆင်း ဆောင်ရွက်၊  All one stop service နဲ့ ဆောင်ရွက် နေသလို တစ်ဖက်ကလည်း ရုံးမှာထိုင်ပြီးလုပ်လို့ရရင် ရတဲ့ဟာတွေကို ကိုဗစ်စီမံချက်နဲ့အညီ လုပ်နေတာတွေရှိပါတယ်။ ကျွန်တော်တို့ အင်အား ပြန်ကြည့်တာတို့၊ စာရင်းထပ်နေတာတွေကို ပြန်ဖျက်တာတို့ နေ့/ည ဆောင်ရွက်နေပါတယ်။ ပြီးရင် အခြေအနေပေးတာနဲ့အမျှ ကျွန်တော်တို့နယ်မြေအရောက် ကွင်းဆင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေသလို ကွင်းဆင်းပညာပေးခြင်းလုပ်ငန်းတွေကို တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအနှံ့ဆင်းပြီး ဆောင်ရွက်ဖို့အစီအစဉ်များချထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အာဏာပိုင် အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးယန္တရားက အဖွဲ့အစည်းတွေ၊ လုံခြုံရေးယန္တရားက အဖွဲ့အစည်းတွေနဲ့ ကြိုတင်ညှိနှိုင်း ချက်ယူထားပြီးဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

မေး။     ။           မှတ်ပုံတင်လုပ်ရမယ့်လူတွေအတွက် ဘယ်လိုအထောက်အထားတွေလိုသလဲ၊ လိုတဲ့အထောက်အထားတွေကို ပြည်သူတွေ သိအောင် ဘယ်လိုလုပ်ပေးမှာပါလဲ။

ဖြေ။                  ။ဒါတွေကို သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာလည်း ထင်သာမြင်သာရှိအောင် ဗွီနိုင်းတွေ၊ ပိုစတာတွေ၊ ဆိုင်းဘုတ် တွေနဲ့ ကပ်ထားမယ်။ လူထုသိအောင် ကျွန်တော်တို့ဘဏ္ဍာငွေပေါ်မူတည်ပြီးတော့ ကျေးရွာအဆင့်အထိ အာဏာပိုင်အဖွဲ့အစည်းတွေ အကူအညီပေးတာနဲ့ Billboard ထောင်တာတွေလုပ်မယ်။ Media Strategy အရလည်း Media ပိုင်းကို Online၊ Offline၊ Printed Media ကနေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး။     ။           အခုချိန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဘယ်လိုအသက်အရွယ်တွေ အတွက် ဦးစားပေးဆောင်ရွက်နေပါသလဲ။

ဖြေ။                  ။အသက် ၁၆ နှစ်ကနေ ၁၈ နှစ်ကြားနဲ့ ၁၈ နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူတွေအားလုံးကို အထက်မှာ တင်ပြခဲ့တဲ့ အမျိုးအစား (၄) မျိုးနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မေး။     ။           လက်ရှိ “ပန်းခင်း” စီမံချက် လုပ်ဆောင်နေတဲ့အပေါ်မှာ   အခက်အခဲတွေကဘာတွေဖြစ်မလဲ။ အဲဒီအခက်အခဲတွေ ကို ဘယ်လိုကျော်သွားမလဲဆိုတာလည်း ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။      ။ကျွန်တော်တို့ရဲ့ အဓိကအခက်အခဲကတော့ ကိုဗစ်အန္တရာယ်ပေါ့။ ကိုဗစ်ကြောင့် Stay At Home လုပ်နေ တာ တွေရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေရှိတယ်။ အချို့နေရာတွေမှာ လုံခြုံရေးကန့်သတ်ချက် အထိုက် အလျောက်ရှိတယ်။ လုံခြုံရေးကိစ္စတွေကိုတော့  ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပေါင်းစပ်ပေး လို့ရပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကတော့ ရုံးတွင်းလုပ်ငန်း၊ ပြင်ပလုပ်ငန်းခွဲခြားပြီးတော့ ဒါတွေကို မဖြစ်ဖြစ် အောင် ပြည်သူလူထုရဲ့ပူးပေါင်းတဲ့အားနဲ့ ကျော်လွှားသွားမှာဖြစ်ပါတယ်။

လင်းကြည်လင်း