“ 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ”

“ 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ”

နေပြည်တော်၊   မတ်   ၇ ရက်

ဂျပန်နိုင်ငံ၊ ကျိုတိုအပြည်ပြည်ဆိုင်ရာညီလာခံစင်တာ၌ ယနေ့ကျင်းပသော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် video conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ညီလာခံသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ ကြပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြစ်မှုဆိုင်ရာ တရားမျှတမှုတွင် ကြုံတွေ့နေ ရသည့် စိန်ခေါ်မှုများနှင့် ဘက်ပေါင်းစုံချဉ်းကပ်မှု၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန် ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများနှင့် မူးယစ် ဆေးဝါး တားဆီးနှိမ်နှင်းရေး စသည့် နိုင်ငံဖြတ်ကျော် မှုခင်းများတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာ အကူအညီများကို  ဆွေးနွေးခဲ့ကြပါသည်။