CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးအရေးယူ

CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ မတ် ၈

၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက် ၀၈၀၀ နာရီတွင် လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် မင်းဓမ္မလမ်း ထောင့်ရှိ MICT ဝန်းအပေါက်ဝ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများနှင့် ဝန်ထမ်း များစုပေါင်းဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင် ပါဝင်သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ ဒေါက်တာ အာကာမိုးသူ အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်တွင်နိုင်ငံသား အစုအဖွဲ့တစ်ခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူဆောင်ရွက်သွား မည် ဖြစ်ပါ သည်။
ဒေါက်တာ အာကာမိုးသူ သည် CDM ထောက်ပံ့ရေးကော်မတီတစ်ရပ်အား ၎င်းအပါ အဝင် ပါမောက္ခ ၇ ဦးဖြင့် ၁၂-၂-၂၀၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေ ရှာဖွေ ရေးအဖွဲ့၊ သယ်ယူထောက်ပံ့ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ မှတ်တမ်းနှင့် အချက်အလက်ပြုစုရေးအဖွဲ့၊ နည်းပညာနှင့် ဥပဒေအကြံပေးအဖွဲ့ဟူ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခနှင့် ကထိက ၁၅ ဦးဖြင့် ဦးဆောင်ဖွဲ့စည်းကာ CDM လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။

အဆိုပါ CDM ဦးဆောင်လှုပ်ရှားသူ ပါမောက္ခနှင့် ကထိက ၁၅ ဦးအနက် ဒေါက်တာ အာကာမိုးသူနှင့် ချိတ်ဆက်လှုပ်ရှားသည့် ကျန်ပါမောက္ခနှင့် ကထိက ၁၄ ဦး တို့အား ဆက်စပ်တရားခံအဖြစ် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တရားခံ ၁၄ ဦးမှာ-
( ၁ ) ဒေါက်တာ ဝေယံလင်း(ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)
( ၂ ) ဒေါက်တာ နန်းနွယ်(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒ ဌာန)
( ၃ ) ဒေါက်တာ အောင်ကျော်စွာ(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာန)
( ၄ ) ဦးကြည်ထင်ပေါ်(တွဲဖက်ပါမောက္ခ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သင်္ချာ ဌာန)
( ၅ ) ဒေါက်တာ ဝင်းပပထွန်း(တွဲဖက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန)
( ၆ ) ဦးလှမျိုး(ကထိက၊ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာန)
( ၇ ) ဒေါက်တာ ကျော်သန်းမိုး (ကထိက၊ ဒဂုံတက္ကသိုလ်၊ ရူပဗေဒဌာန)
( ၈ ) ဒေါက်တာ ယဉ်ယဉ်ဝင်း(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာန)
( ၉ ) ဦးတင်အောင်မိုး(ကထိက၊ ရန်ကုန်တက္ကသိုလ်)
(၁၀) ဒေါက်တာ သန်းလွင်ဦး(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံ
ရေးဌာန)
(၁၁) ဦးသန်းထိုက်အောင်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်း
ဌာန)
(၁၂) ဦးအောင်ကျော်စိုး(ကထိက၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သတ္တ
ဗေဒဌာန)
(၁၃) ဒေါက်တာ တိုးတိုးကျော်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)။
(၁၄) ဒေါက်တာ သုလင်းဝေ(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့ဖြစ် ကြောင်း သတင်းရရှိပါသည်။