COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၆

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၂၅ ပါးနှင့် အရပ်သား ၄၃ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေး တပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာသာသနာနွယ်ဝင်သီလရှင် ၄ ပါး၊ အင်းစိန်မြို့ နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာသံဃာတော် ၁၁၉ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၅၀၈ ဦးနှင့် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲ အတည်ပြုပိုးတွေ့ လူနာအရပ်သား ၂၇၄ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေး လျက်ရှိ သည်။

 ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာ ၁၃၁ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၆၄၈ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည်သူ ၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၄၃ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မတော်က ဆောင်ရွက်ပေး နေမှုများနှင့်ပတ်သက်၍ သန်လျင်မြို့နယ်၊ နယ်လှည့်သစ္စာဓိဌာန်စတုဒီသာ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာတေဇ ၏ မုဒိတာပွား မိန့်ကြားမှုကို ယခုလိုကြားသိခဲ့ရပါတယ်-

“ဘုန်းဘုန်းဒီရောက်တော့ တပ်မတော်ရဲ့ကျေးဇူးကြောင့် ဒေါက်တာတို့ကုသတဲ့ မေတ္တာရေကြည် လေးဟာ အေးမြပြီးတော့ ဘာတစ်ခုမှမလိုရအောင် တပ်မတော်ရဲ့အစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဆရာ တော်ကြီး ကျန်းမာနေပါပြီ။ စည်းစနစ်ကလည်း ဘယ်လောက်တိကျလဲဆိုရင် တစ်နာရီတစ်မိနစ် မလစ်ဟင်း အောင် လာရောက်စောင့်ရှောက်ပါတယ်။ တပ်မတော်ကနေပြီးတော့ အခုလိုကုသပေးတဲ့အတွက် ဆရာတော့် ဘုန်းကြီးတွေ COVID-19 ကိုတိုက်ဖျက်ပြီးတော့ အနိုင်ရ လိမ့်မယ်လို့ ဘုန်းကြီး ဒီလိုယုံကြည်ထားပါတယ်။ အမိနိုင်ငံတော်ကြီးကို ပြင်ပ ပယောဂရန်သူမျိုး များကို ကာကွယ်ရင်းကတစ်ဖက်၊ ပြည်သူလူထု၊ ရဟန်း၊ သာမဏေကို စောင့်ရှောက်နေသော တပ်မတော်ကို ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းမသိဘူးလို့ ဘုန်းကြီး တို့ သာသနာ့အနွယ်ဝင် သူတော်စင် သံဃာတော်များရဲ့ကိုယ်စား ဘုန်းကြီးဒီနေရာကနေပြီးတော့ မိန့်မန္တက ပြုပါတယ်။ နိုင်ငံတော်ကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်း COVID-19 ကပ်ကြီးမှလွတ် မြောက်ကြပါစေလို့   ဆုတောင်းပတ္ထနာ ဒီနေရာကနေပြုလိုက်ပါတယ်” ဟု မိန့်ကြား သည်။