COVID-19  ရောဂါပိုးတွေ့လူနာ ၂၁၂ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၄

ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင်  COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19   ရောဂါပိုးတွေ့ လူနာသစ် ၂၁၂ ဦးရှိကြောင်း သိရသည်။

(၃-၆-၂ဝ၂၁)ရက်  ည ၈ နာရီမှ (၄-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း   ၁၇၇၈  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၂၁၂ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၆၂၈၂၄၆ ခုအား စစ်ဆေးခဲ့ပြီး COVID-19  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄၁၅၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ  ၇  ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၄၁၅ ဦး  ဆေးရုံမှဆင်းခွင့်  ရရှိပြီးဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။