COVID-19 ရောဂါပိုးတွေ့လူနာသစ်  ၁၂၂၅ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၂၈

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19ရောဂါပိုးတွေ့ လူနာသစ်  ၁၂၂၅  ဦးနှင့်  သေဆုံးသူ ၁၂ ဦး ရှိကြောင်း သိရသည်။

(၂၇-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၈-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၅၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၂၂၅ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၁၈၁၇ဝ  ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း  ၁၅၄၃၈၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၂၉ဝ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၅၇ဝ၃ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။

COVID-19 ရောဂါဖြင့်  ထပ်မံသေဆုံးသူ  ၁၂ ဦးရှိသဖြင့်    ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၃ဝ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။