COVID-19 ရောဂါပိုးတွေ့လူနာသစ် ၄၀၄၇ ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၄၀၄၇ ဦးနှင့်ထပ်မံသေဆုံးသူ ၁၀၉ ဦးရှိကြောင်း သိရသည်။             

(၁၂-၇-၂၀၂၁)ရက် ည ၈ နာရီမှ (၁၃-၇-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၆၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၀၄၇  ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၈၉၂၉၃၂ ခုအား စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း  ၂၀၁၂၇၄  ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၁၇၀၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၄၉၇၆၇ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19    ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၀၉  ဦးရှိသဖြင့်   ယနေ့အထိသေဆုံးသူစုစုပေါင်း  ၄၀၃၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက်  ဆောင်ရွက်ရမည့်   လုပ်ငန်းလမ်းညွှန်”နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်းမိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့်သတိပေးခြင်းတို့ကို လူတိုင်း၊   မိသားစုတိုင်းမှ   တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏   တရားဝင်အင်တာနက် စာမျက်နှာ  www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

         (၅၀၀)