COVID-19 ရောဂါပိုးတွေ့လူနာသစ် ၄၁၈၈ ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၄၁၈၈ ဦးနှင့်ထပ်မံသေဆုံးသူ ၁၆၅ ဦးရှိကြောင်း သိရသည်။             

(၁၄-၇-၂၀၂၁)ရက် ည ၈ နာရီမှ (၁၅-၇-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၀၄၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၁၈၈  ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၉၂၅၃၂၈ ခုအား စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၂၁၂၅၄၅  ဦး   ရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၆၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၅၃၆၀၉ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၆၅ ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူစုစုပေါင်း ၄၃၄၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။     

(၅၀၀)