COVID-19 ရောဂါပိုးတွေ့လူနာသစ် ၇၀၈၃ ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၇၀၈၃ ဦးနှင့်ထပ်မံသေဆုံးသူ ၁၄၅ ဦးရှိကြောင်း သိရသည်။             

(၁၃-၇-၂၀၂၁)ရက် ည ၈ နာရီမှ (၁၄-၇-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၃၅၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀၈၃  ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၉၁၄၂၈၄ ခုအား စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း  ၂၀၈၃၅၇  ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၆၇၅ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၅၁၄၄၂ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၄၅ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၄၁၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။     

(၅၀၀)