COVID-19 ရောဂါပိုးတွေ့လူနာ ၁၂၃ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၁၂၃ ဦးနှင့်  သေဆုံးသူ ၁ ဦးရှိကြောင်း သိရသည်။

(၇-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၈-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂ဝ၂၂  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19   ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁၂၃ ဦး  တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၃၅ဝ၄၅ ခုအား စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၄၅၇၉ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၉ဝ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၆၁၅ ဦး   ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁ ဦး ရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၂၈ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။