COVID-19 ရောဂါပိုးတွေ့လူနာ ၁၆၆ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၁၆၆ ဦးနှင့်  သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။

(၁၁-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၂-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၄၁၃  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်  ၁၆၆ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၄၅၃၃၂ ခုအား စစ်ဆေးခဲ့ပြီး  COVID-19    ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၄၅၂၃ဝ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၆၅ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၈၃ဝ ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂ ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၄၁ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။