COVID-19 ရောဂါပိုးတွေ့လူနာ ၅၄၆ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၁၉

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၅၄၆ ဦးရှိပြီး သေဆုံးသူ ခုနစ်ဦးရှိကြောင်း သိရသည်။

(၁၈-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၉-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၈၄၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်  ၅၄၆  ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၇၁၂၇၁  ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၁၄၇၆၁၅ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၇၅ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၃၅၂၇ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၂၅၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။