COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိ

COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၁၂

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် “လူ့အသက်ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည် မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ Real Time တိတိကျကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် သားများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ အင်တိုက်အားတိုက် ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် “ကန့်သတ်စောင့်ကြည့်ရမည့်သူ များကို နေရာ ဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့လုပ်ဆောင်နေမှုများအနက် နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရ သီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ရောဂါအတည်ပြုလူနာများ လက်ခံနိုင်ရေးအတွက် အိပ်ဆောင်တစ်ဆောင်လျင် လူဦးရေ ၅၀ နှုန်းဖြင့် အိပ်ဆောင် ၁၆ ဆောင်၊ လူဦးရေ ၈၀၀ ဦး ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ ပါရဂူဆေးမှူး များ၊ သူနာပြုများ၊ အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ၎င်းတို့၏ နေထိုင် စားသောက်မှုနှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေ ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည်။