Covid-19 ရောဂါ သီသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုလူနာ များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်၊ Quarantine Center ပြုလုပ် ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၀
    
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ မကွေး ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့ရှိ Covid-19 ရောဂါ သီသန့် စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုလူနာများအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    
ထို့ပြင် Quarantine Center ပြုလုပ်မည့် မကွေးတက္ကသိုလ်ရှိ ဗိဿနိုး အဆောင် အား မကွေးတပ်နယ်မှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။