CRPH နှင့်  CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုလိုသူများအနေဖြင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ ရုံးများသို့ ဆက်သွယ်အကြောင်းကြားနိုင်

CRPH နှင့်  CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုလိုသူများအနေဖြင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ ရုံးများသို့ ဆက်သွယ်အကြောင်းကြားနိုင်

နေပြည်တော်၊ မတ် - ၇
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကို နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့်  CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် ပါဝင်ဆောင်ရွက်သူများ၊ အားပေးကူညီသူများအား  ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့ တွင် အသိပေးထုတ်ပြန်ထားရှိပြီးဖြစ်သည်။
    
လက်ရှိအချိန်တွင် ယခင်အစိုးရလက်ထက် နိုင်ငံတော်အဆင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူများ၊  ဆရာဝန်ကြီးများ နှင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် နိုင်ငံတော်တည်ငြိမ်ရေးကို လိုလားသူများက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ၎င်းင်းတို့အနေဖြင့် CRPH အဖွဲ့အား စိတ်ပါ ဝင်စားမှုမရှိကြောင်း၊ CRPH အဖွဲ့ဝင်များလည်း မဟုတ်သည့်အပြင် ၎င်းအဖွဲ့နှင့်လည်း ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် CRPH အဖွဲ့ ဖွဲ့စည်းမှုကိုလည်း ထောက်ခံခြင်းမရှိကြောင်း တို့ကို လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ စာဖြင့်ပေးပို့၍ လည်းကောင်း ဆက်သွယ် ပြောဆိုတင်ပြလာခဲ့သည်။ 
    
ထိုသို့ CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်မှု လုပ်ဆောင်လိုခြင်းမရှိသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရှိရသည်။
    
လက်ရှိ ဆက်သွယ်အကြောင်းကြားလာသူများမှာ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ လုံခြုံငြိမ်းချမ်းစွာ နေထိုင်လျက်ရှိကြောင်းနှင့် ထပ်မံဆက်သွယ်အကြောင်းကြားလာသူများ အနေဖြင့်လည်း မိသားစုနှင့်အတူ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။