KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

 
နေပြည်တော်၊ စက်တင်ဘာ - ၆

 
KNLA တပ်မဟာ(၅)အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 
ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင်း၊ မြို့လုံခြုံရေး ဆောင်ရွက် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၅)အဖွဲ့က ဆေးရုံ၏ အရှေ့မြောက်ဘက်မှ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ KNLA တပ်မဟာ(၅)အဖွဲ့သည် အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆေးရုံအိမ် သာနှင့် လူနာဆောင်နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ ဆေးရုံအဆောက်အဦများ အနည်းငယ်ထိမှန်ပျက်ဆီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိ သည့် မဲသလွတ်ကျေးရွာနေ ဒေါ်ချစ်မေ၊ အသက် ၇၈ နှစ်တွင်လည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။