SJ WorldNews - шаблон joomla Авто

နိုင်ငံ တကာပြပွဲမှ အဆင့်မြင့် ဆိုက်ဘာ ကာကွယ်မှု နည်းလမ်းများ

Thursday, 17 August 2017 10:38 Written by  font size decrease font size decrease font size increase font size increase font size

ကွန်ပျူတာကွန်ရက်ဆက်သွယ်မှုဆိုင်ရာပြပွဲများ၊ ဆိုက်ဘာနည်း ပညာဆိုင်ရာပြပွဲများ နှင့်နှီး နှော ဖလှယ်ပွဲများ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်နှစ်စဉ်ပြသခဲ့သည်ဖြစ်ရာ

ကမ္ဘာ့အဆင့် မြင့်ကွန် ပျူတာကွန်ရက် လုံခြုံရေးဆိုင်ရာကုမ္ပဏီများ အပြိုင်အဆိုင်ပြသခဲ့သည်ကိုတွေ့ရှိခဲ့သည်။ နှစ်စဉ် ကျင်းပခဲ့သောပြပွဲများအနေဖြင့် အောက်ပါအတိုင်းတွေ့ရှိခဲ့သည်-

(က)   အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာထိပ်သီးဆွေးနွေးပွဲ။

(ခ)     အပြည်ပြည်ဆိုင်ရာ  ဆိုက်ဘာလုံခြုံမှုဆိုင်ရာညီလာခံ  (ICCS) (အမေရိကန်နိုင်ငံ)။

(ဂ)     နိုင်ငံတကာ  ဆိုက်ဘာလုံခြုံရေးနှီးနှောဖလှယ်ပွဲ (ချီကာဂို)။

(ဃ)   (၇) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ  ဆိုက်ဘာလုံခြုံရေးညီလာခံ(အစ္စရေး)။

(င)     ဥရောပနိုင်ငံနှင့် အာရှနိုင်ငံများတွင်နှစ်စဉ်ပြသခဲ့သော ဆိုက်ဘာပြပွဲများ။ နိုင်ငံ တကာ အ နေဖြင့် ဆိုက်ဘာလုံခြုံမှုဆိုင်ရာများ  အလေးထားဆောင်ရွက်လာသည့် အကြောင်းရင်း တစ်ခု အနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏စီးပွားရေးကုမ္ပဏီကြီးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံတော် အဆင့်ကွန်ပျူတာအချက်အလက်များ တိုက်ခိုက်ခိုးယူခဲ့ရမှုများကြောင့် နှစ်စဉ် ဆုံးရှုံးမှု အနေဖြင့် အမေရိကန်ဒေါ်လာသန်းထောင်ပေါင်း ၄ဝဝ ခန့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ သက်ဆိုင်ရာနိုင်ငံအနေဖြင့် ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပါက အကျိုးဆက် အနေဖြင့် ကွန် ပျူ တာ ချိတ်ဆက်ထားသော ရုံး၊ ဌာနများ အနေဖြင့် လုပ်ငန်းကြန့်ကြာ မှုများ၊ရပ်တန့်မှုများ၊ နှောင့်နှေးမှု အစရှိသည်များပါ ဆက်တိုက်ဖြစ်ပေါ်လာသည်ကိုတွ့ ရှိရသည်။

နိုင်ငံတကာဆိုက်ဘာဆိုင်ရာစောင့်ကြည့်လေ့လာသူများအနေဖြင့် နှစ်စဉ်တစ်ကမ္ဘာလုံး ဆိုက် ဘာမှုခင်း  ကြုံတွေ့နေရမှုအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင်ဒေါ်လာ ၃ ထရီလီယံမှ ၂ဝ၂၁ ခုနှစ်တွင် ၆ ထရီ လီယံအထိ တိုးမြင့်လာနိုင်ဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။

ယင်းတွင်  အချက်အလက် ပျက်စီးပျောက်ဆုံးမှုများ၊ ငွေကြေးခိုးယူခံရမှုများ၊ ပစ္စည်း ဆုံးရှုံး မှုများ၊ မူပိုင်ခွင့်များခိုးယူခြင်းများပါဝင်နေမည်ဖြစ်သည်။ ကမ္ဘာ့ကွန်ပျူတာ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် အိုင်ဘီ အမ်၏အကြီးအကဲမှ ''ဆိုက်ဘာမှုခင်းသည်  ကမ္ဘာတွင်လူ တိုင်း၊နိုင် ငံတိုင်း၊ စက်မှုလုပ်ငန်းတိုင်းအတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုဖြစ်ကြောင်း''  ပြောကြား ခဲ့သည်ကိုတွေ့ ရှိရ သည်။

ယင်းအချက်များပေါ်အခြေခံ၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကွန်ပျူတာကုမ္ပဏီကြီးများ၊ ကွန်ရက် ပစ္စည်း ကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီများစုပေါင်း၍ နှစ်စဉ်အမေရိကန် ၊ဥရောပ၊ အာရှနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင်အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာလုံခြုံမှု ပြပွဲများနှင့် စာတမ်းဖတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများကျင်းပခဲ့သည်ကိုတွေ့ရှိရသည်။ယင်း ပြပွဲ တွင် ဆွေးနွေးပွဲ တက်ရောက် သူများ အနေဖြင့် ကွန်ပျူတာနှင့်ကွန်ရက်လုံခြုံမှုဆိုင်ရာ ဆောင်ရွက် နေသူများဖြစ်သည့် ကျွမ်းကျင်ပညာရှင်များ၊ စွန့်ဦးတီထွင်သူများ၊ မူဝါဒရေးဆွဲ အကောင် အထည်ဖော်သူများ၊ ဝန်ကြီးဌာနနှင့် သက် ဆိုင်ရာ ဝန်ထမ်းအကြီးအကဲများ တက် ရောက်ခဲ့ကြသည်။

များသောအားဖြင့်  ပြပွဲများအား နှစ်ရက်မှ သုံးရက်အထိ ကြာမြင့်စွာပြသခဲ့သည်ကို တွေ့ရှိရ သည်။ဆွေးနွေးခဲ့သောအကြောင်း အရာခေါင်းစဉ်များအနေဖြင့် အောက်ပါ အတိုင်း တွေ့ရှိ ခဲ့သည်-

(က)   ဆိုက်ဘာလုံခြုံရေးဆိုင်ရာ  ခြိမ်းခြောက်မှုများ(မကြာသေးမီဖြစ်ပွားခဲ့သော ဆိုက်ဘာ တိုက် ခိုက်မှုများအပါအဝင်)။

(ခ)     ဆိုက်ဘာတိုက်ခိုက်မှုကြောင့် စီးပွားရေး၊အစိုးရနှင့်အချက်အချာနေရာများထိခိုက်မှုများ။

(ဂ)     နောက် ဆုံးပေါ်ခေတ်မီဆိုက်ဘာလုံခြုံမှုနည်းပညာများ။

(ဃ)   ခေတ်မီနည်းစနစ်များအသုံးပြုလေ့ကျင့်ကာကွယ်မှုများနှင့် သင်ခန်း စာဖော် ထုတ် ချက် များ။

(င)     ဆိုက်ဘာလုံခြုံရေးနှင့် အခြားလုံခြုံရေးဆိုင်ရာများ အချင်းချင်းအပြန် အလှန်ချိတ် ဆက်မှု။

(စ)     အရေးပေါ်တုံ့ပြန်မှု   နည်းစနစ်များ။

(ဆ)   အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ဖြေရှင်းမှုနည်းလမ်းများ။

(ဇ)     လုံခြုံမှုဆိုင်ရာ ထိရောက်စွာကိုင်တွယ်ဖြေရှင်းနည်းများ။

(ဈ)    လတ်တလောဖြစ်ပေါ်နေမှုများမှဖြေရှင်းမှုများ။

(ည)   အင်တာနက် (IOT) အသုံးချလုပ်ငန်းသုံး  ချိတ်ဆက်ဆောင်ရွက်မှုများ။

(ဋ)     လက်ရှိ တိုးတက်ပြောင်းလဲနေမှုများ။

(ဌ)     လက်ရှိဆိုက်ဘာမူဝါဒများအပေါ်အကောင်အထည်ဖော်လုပ်ဆောင်မှုများ။

(ဍ)     ဆိုက်ဘာနည်းပညာအသုံးပြုမှုအကြောင်းအကျိုးဆက်သွယ်ဆောင်ရွက်မှုများ။

(ဎ)     သက်ဆိုင်ရာကွန်ရက်များ၏ လျော့ကွက်၊ ဟာကွက်များ အပေါ်တိုက် ခိုက်မှုပုံ စံများနှင့် သုံး သပ်ချက်များ။

(ဏ)   နည်းပညာမြှင့်တင်မှုလုပ်ငန်းများ။

(တ)   ဆိုက်ဘာလုံခြုံမှုဆိုင်ရာ ကွန်ရက်မျိုးစုံဆက်သွယ်မှုများ။ နိုင်ငံတကာ ရှိဆိုက် ဘာနည်း ပညာဆိုင်ရာအမာထည် f(Hardware) နှင့်  အပျော့ထည် (Software) ထုတ်လုပ်သူကုမ္ပ ဏီ များမှ နည်းပညာလုံခြုံမှု၊ စစ်ဆေးမှုများအတွက် ထုတ်လုပ်ပြသခဲ့သော  နည်းပညာ အား ဆန်းစစ် လေ့လာရာတွင်  နည်းပညာစုံစမ်းဖော်ထုတ်မှုအတွက် တီထွင်ထားသောပစ္စည်းများ၊ ယင်း ပစ္စည်းများဖြင့်ကွန်ရက်အတွင်း ဝင်ရောက်နှောင့်ယှက်သူများအားခြေရာခံ၊ ခြေရာ ကောက်ဖော်ထုတ် ပေးနိုင်မည့် သဲလွန်စများမှ တစ်ဆင့် ပစ်မှတ်၏ တည်နေ ရာအချက်အလက်၊ ရုပ် ပုံ၊ အသံ၊ ဓာတ်ပုံများအားရှာဖွေထောက် လှမ်းသွားနိုင်မည်ဖြစ်သည်။

အဆင့်မြင့် အချက်အလက် ရှာဖွေစက်ပစ္စည်း((Forensic Tower)အနေဖြင့် အချက်အလက် များမြောက်မြား စွာသိမ်းဆည်းထားသော Hardisk  ရှစ်ခုအထိ လျှို့ဝှက် သင်္ကေ တများ ရှာဖွေပေးနိုင်ခြင်း၊ ဖျက်ထားသောဖိုင် စနစ်များအား ပြန်လည်ဖော် ထုတ်နိုင်ခြင်း အစရှိသည်တို့ကို  အချိန်နှင့် တစ်ပြေးညီ   ရှာဖွေ စိစစ်ဖော်ထုတ်နိုင်သည်။ နိုင်ငံတကာအဆင့်မြင့် ဆိုက် ဘာမှု ခင်းစိစစ်ဖော်ထုတ်ရေးဌာနများအနေဖြင့် ဒစ်ဂျစ်တယ် အချက်အလက်ရှာဖွေဖော် ထုတ်ခြင်း ဆိုင်ရာ သုတေသနဌာနများဖွဲ့စည်း၍ ယင်းဌာနများ၏ ဆိုက်ဘာ ဓာတ်ခွဲ ခန်းများ တွင်အောက်ဖော်ပြ ပါလုပ်ငန်းများဆောင်ရွက်နိုင်မည်ကို တွေ့ရှိရသည်-

(က)   ကွန်ပျူတာရှာဖွေစိစစ်မှုလုပ်ငန်း။

(ခ)     မိုဘိုင်းစက်ပစ္စည်းများရှာဖွေစိစစ်မှုလုပ်ငန်း။

(ဂ)     သတင်းထောက်လှမ်းမှု ဆန်းစစ်ချက်ဖော်ထုတ်ခြင်းလုပ်ငန်း။

(ဃ)   လက်တွေ့စမ်းသပ်ခြင်းလုပ်ငန်း။

(င)     အချက်အလက်ပြန်လည်ဖော်ယူခြင်းလုပ်ငန်း။

(စ)     ကြိုတင်စစ်ဆေးခြင်းလုပ်ငန်း။နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့်  လိုက်လျော ညီထွေဖြစ်စေရေး အသုံးအဆောင်ပစ္စည်းများ၊ ဆက်စပ် ပစ္စည်းများ တစ်နေ့ တခြား တိုးတက်များပြားလာသည်ဖြစ်ရာ ကုန်တိုက်များငွေပေးချေမှုစနစ်၊ ဓာတ်ဆီဆိုင်များ၊ အဝေး ပြေးလမ်းမဂိတ်ဖြတ်သန်းမှုမှအစ  နေ့စဉ်ထိတွေ့ဆောင်ရွက်နေမှုများတွင် အဆင့်မြင့် ကတ် (Smart Card)စနစ်များတွင် ရှာဖွေအသုံးပြုလာသည်ဖြစ်ရာ ယင်းကတ်များ၏လုံခြုံမ အတွက် အထူးပြုလုပ်ချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှ အဆင့်မြှင့် တင်လုပ် ဆောင် ခဲ့သည် ကို ဆိုက် ဘာပြ ပွဲများတွင် တွေ့ရှိရသည်။

လုံခြုံမှုသည်ပထမဟုဆိုသည့်အတိုင်း အသုံးပြုသူနှင့်ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများအတွက်အောက်ဖော်ပြပါ နည်းပညာအားသာချက်များရှိရန်   လုပ်ဆောင်ပြသထား သည်ကို တွေ့ ရှိရသည်-

(က)   သုံးစွဲသူအဆင့်မြင့်စေရေးဆောင်ရွက်ချက်။ သုံးစွဲသူမှဈေး၊ ရုံး၊ဓာတ်ဆီဆိုင်၊ ကုန်တိုက်၊ ကားဂိတ် အစရှိသည့်နေရာများတွင် အချိန်တိုအတွင်းထိတွေ့အသုံးပြုနိုင်သည့်စနစ်ကို လို လားခြင်း အတွက်ကတ်စနစ်များမြှင့်တင်ထားခြင်း။

(ခ)     ဝန်ဆောင်မှု    အရည်အသွေး။ကတ်စနစ်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု အဖွဲ့ အ စည်း များအနေဖြင့် အချက်အလက်တိကျမှု၊ လုံခြုံမှု၊ အသင့်ပြုလုပ်မှု၊မှန် ကန်မှုများ တွင် တိကျသေ ချာသော စနစ်များထားရှိဆောင်ရွက်မှုအတွက်အဆင့်မြင့်နည်းစနစ်များအသုံးပြုခြင်း။

(ဂ)     လုံခြုံမှုအဆင့်မြှင့်တင်ထားခြင်း။မှတ်ပုံတင်ထားသော ကတ်စနစ်၏တွဲဖက်အသုံးပြု မိုဘိုင်း စနစ်များ အတွက် အချက်အလက်မှန်ကန်မှုရှိစေရန်တိကျမှုရှိစေရေးအတွက် ချိတ်ဆက် ဆောင် ရွက်ပေးနိုင်ခြင်း၊ ကတ်လုံခြုံမှုနှင့်မိုဘိုင်းဖုန်းလုံခြုံမှုများအတွက်အဆင့်မြှင့်တင် ကာကွယ် ပေးထားသောစနစ်များအတွက်စိတ်ချသေချာသော အသုံးပြုမှုစနစ်များရရှိခြင်း။

ဆိုက် ဘာ ကုမ္ပဏီတစ်ခုမှ ပြသမှုတစ်ခုတွင် ယနေ့အင်တာနက်အသုံးပြုနေသည့်အချိန်တွင် အင် တာနက်ပေါ်မှ  ဆောင်ရွက်ချက်များဟု တင်စားထားသော Internet of Things-IOT) လုပ် ငန်းများအနေဖြင့် မြစ်ဖျားခံရာ ပင်စည်ကဲ့သို့သော ဂိတ်မှနေ၍ဝင်ရောက်လာသော စက်မှု လုပ် ငန်းများ၊ ကျန်းမာရေးဆိုင်ရာများ၊ ဘဏ်လုပ်ငန်းများ၏ အဝင်/အထွက်အားလုံး၏ ပင်မ ဆောင် ရွက်ပေးနေရသော အမာထည်လုံခြုံရေးစက်ပစ္စည်း (Hardware Security Modules-HSM) များအား ဒီဇိုင်းပြုလုပ်ထည့်သွင်း၍အချက်အလက်များ၏ ဖြတ် သန်းမှု၊ လုံခြုံမှု များ အတွက်ပြည့် ဝစွာဆောင် ရွက်ပေးနိုင်မည်ဖြစ်သည်ကို တွေ့ရှိရသည်။

အသုံးချမှုအနေဖြင့် သက်ဆိုင်ရာဝန် ဆောင်မှုပေးသော အဖွဲ့အစည်း တို့ဖြတ်သန်းသွားမည့် အချက် အလက်၊ အထောက်အထားဆိုင်ရာများအတွက် လျှို့ဝှက်သင်္ကေတစနစ် အ သုံးပြုဖြတ် သန်းစေခြင်းဖြင့် လုံခြုံမှုအဆင့်များတိုးမြင့်လာသည်ကို  တွေ့ရှိရသည်။ အချက် အလက်များ လုံခြုံမှုအတွက် အမာထည်လုံခြုံရေးစက်ပစ္စည်းများအား အောက် ပါအဆင့်များ အတိုင်း လုံခြုံ မှုဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်-

(က)   လုံခြုံရေးကတ် (Smart Card) များအတွက်  အသုံးပြုလျှို့ဝှက်သင်္ကေတနံပါတ်များ  ထည့် သွင်းဆောင်ရွက်ထားခြင်း။

(ခ)     လုံခြုံရေးသင်္ကေတ  စတင်သုံးစွဲသည့်အချိန် အသုံးပြုအမှတ်အသား ရေးသားထည့် သွင်း ၍ မည်သည့်ပြောင်းလဲချက်မဆို မှတ်သားသိရှိနိုင်စေရန်ဆောင်ရွက်ထားခြင်း။

(ဂ)     ယင်းကတ်စနစ်နှင့် ချိတ်ဆက်အသုံးပြုသော လုံခြုံမှုစက်ပစ္စည်းများအတွက် ထပ်မံ စစ်ဆေး မှုပြုပေးနိုင်မည့် အဆင့်မြင့်သင်္ကေတများထည့်သွင်းအသုံးပြုထားခြင်း။

(ဃ)ပုံသေလျှို့ဝှက်သင်္ကေတစနစ်မျိုးအသုံးပြုခြင်းထက် ပြောင်းလဲနေသည့် လျှို့ဝှက် သင်္ကေ တစနစ်များပြောင်းလဲလာသည့်အတွက်အချက်အလက်များ အလွယ်တကူခိုးယူ နိုင်ရန်ခဲ ယဉ်းခြင်း။

အဆင့်မြင့်နည်း ပညာပြပွဲများမှသည် အနာဂတ် ဆိုက်ဘာလုံခြုံမှု ပစ္စည်းများအတွက် နည်းပညာ အသစ်အဆန်းများ ပေါင်းစပ်ပါဝင်နေမည်ဖြစ်ရာ သုံးစွဲသူများအနေဖြင့် ကိုယ်ပိုင်သုံး ပစ္စည်းများ မှ သည် အဆင့်မြင့်စနစ်များအထိ ပြုပြင်ပြောင်းလဲလုပ်ဆောင်မှုများအား လေ့ လာသိရှိနိုင မည့် အခွင့်အလမ်းများရရှိလာမည်ဖြစ်သည်။

နိုင်ငံတကာဆိုက်ဘာနည်းပညာပြပွဲများအနေဖြင့် ကမ္ဘာ့အရှေ့ခြမ်း၊အနောက်ခြမ်း နိုင်ငံများမှနှစ်စဉ်ပြ ပွဲများ ပြသလျက်ရှိရာ လာရောက်လေ့လာသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာ သည်ကိုတွေ့ရှိရသည်။ သက်ဆိုင်ရာနိုင်ငံများ၏ဌာနဆိုင်ရာ အစီအစဉ် များမှသော် လည်း ကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများမှသော်လည်းကောင်း  လာရောက်လေ့လာခဲ့မှုများ  တွေ့မြင်ရ မည်ဖြစ် သည်။

နိုင်ငံတကာအနေဖြင့် မမြင်ရသောလက်နက် (Virtual Weapons) များသည် မြင်ရသော လက် နက် (Physical Weapons) များ၏ ခြိမ်းခြောက်မှုများ ပိုမိုရရှိလာသည်ဖြစ်ရာ၊ ကြိုတင် ကာကွယ်မှု၊တားဆီးမှု၊အပြိုင် အဆိုင်တီထွင်မှုများအနေဖြင့် တိုးတက်များပြားလာသည်ဖြစ်ရာ မိမိနိုင်ငံအနေဖြင့်လည်း  ယင်းနည်းစနစ်များအပေါ် လိုက်လျောညီထွေ ရှိစေမည့် နည်း စနစ်များ ကြို တင်ဆောင် ရွက်ထားရန်လိုအပ် မည်ဖြစ်သည်။

နိုင်ငံတကာပြပွဲများမှရရှိသော ဆိုက်ဘာနည်းပညာများကိုအခြေခံ၍ အင်တာနက် လုံခြုံမှု၊မို ဘိုင်း ဖုန်းလုံခြုံမှုမှသည် သက်ဆိုင်ရာ အဖွဲ့အစည်းလုံခြုံမှု၊ လူမှုကွန်ရက် လုံခြုံမှုများအထိ လျင်မြန် စွာဆောင်ရွက်သွားစေရန်အတွက်သက်ဆိုင်ရာအဖွဲ့အစည်းများတွင် တာဝန်ရှိသကဲ့သို့ လိုက်နာဆောင်ရွက်သွားရမည့် နိုင်ငံသားများ အနေဖြင့်လည်း လက်တွေ့ကျင့်သုံး  ဆောင်ရွက် သွား သင့် ပါကြောင်း ဖော်ပြ အပ်ပါသည်။   

Read 607 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 10:44